၁၇ .၈ . ၂၀၂၄
Written by MMAK
၂၀၂၄ – ၂၀၂၅ ပရီးမီးယားလိဂ် ရာသီအစ ဒီနေ့မနက်မှာ မန်ယူအသင်းဟာ ဖူဟမ်ကို အိမ်ကွင်းမှာ ပွဲချိန်နှောင်းဂိုးနဲ့ ကပ်အနိုင်ရခဲ့ပြီး ဇယားထိပ်မှာ သုံးမှတ်နဲ့ရပ်တည်နေသလို ကျန်တဲ့အသင်းတွေကလည်း ဒီညမှာ ဆက်လက်ယှဥ်ပြိုင်မှာဖြစ်လို့ MT Entertainment က ပရိသတ်တွေ ပျော်ရွှင်စေနိုင်ဖို့ ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။
◾ အစ်ဆွစ်ချ် Vs လီဗာပူးလ်
အခုရာသီမှ တန်းတက်လာတဲ့ အသင်းငယ်လေး အစ်ဆွစ်ချ်ကို လျှော့တွက်မိရင် အမှားကြီးမှားသွားမယ်လို့ ပြောချင်ပြီး စောင့်ကြည့်ချင်စရာ အသင်းတစ်သင်းအဖြစ် ရွေးချယ်ထားပါတယ်။ အစ်ဆွစ်ချ်အသင်းရဲ့ နည်းပြမက်ကင်နာက အရည်အသွေးမြင့်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး တိုက်စစ်အသားပေးတဲ့ အသင်းဖြစ်တဲ့အတွက် လီဗာပူးအသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ်။ လီဗာပူးအသင်းကလည်း ရာသီကြို ခြေစွမ်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး ကလော့နေရာ အစား၀င်လာတဲ့ ဖိယင်နုနည်းပြ စလော့ကလည်း တိုက်စစ်အသားပေး နည်းပြတစ်ယောက်ဖြစ်ပြီး နည်းပြကြီးကလော့ရဲ့ ကစားဟန်ကိုအခြေတည်ပြီး တည်ဆောက်ထားတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက နှစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ် အရှုံး ဖြစ်ပါတယ်။ မက်ကင်နာရဲ့ အစ်ဆွစ်ချ်အသင်းက ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပြီး အိမ်ကွင်းတိုက်စစ်က ဂိုးသွင်းနိုင်စွမ်းအပြည့် ရှိပါတယ်။ ဒီပွဲမှာ အိမ်ရှင်အစ်ဆွစ်ချ်အသင်း ဂိုးရနိုင်ပြီး လီဗာပူးအသင်းလည်း ဂိုးရမှာ သေချာနေတဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ အာဆင်နယ် Vs ၀ုဗ်
နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့နဲ့အတူ အဆင့်တစ်ခုမှာ ရပ်တည်လာနိုင်တဲ့အသင်းဖြစ်ပြီး မနှစ်ကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်နောက်ခံကစားသမား ကာလီဖီအိုရီတစ်ယောက်ကိုသာ ခေါ်ယူအားဖြည့်ထားပေမဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းတဲ့ အနေအထား ဖြစ်ပါတယ်။ ၀ုဗ်အသင်းကတော့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကေးလ်မန်းနဲ့ နက်တိုတို့ကို ထုတ်ရောင်းထားပေမဲ့ ဂူဒက်၊ လာဆင် ၊ ဂိုမက်တို့အပါအဝင် ကစားသမားရှစ်ယောက်လောက်ထိ ခေါ်ယူအားဖြည့်ထားပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက နှစ်လုံးနှစ်ဆယ်အရှုံးထိ ဘော်ဒီကြေးခပ်ပြင်းပြင်းပေးထားပေမဲ့ ဂိုးပေါင်းကြေးကတော့ သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပေါက်ကြေးအရ အာဆင်နယ်အသင်းရဲ့ ခံစစ်ကို ၀ုဗ်အသင်း တစ်ဂိုးတောင်ရဖို့ မလွယ်ကူဘဲ အာဆင်နယ်တစ်သင်းတည်းသာ ဂိုးရမဲ့ပွဲလို့ ယူဆထားပါတယ်။ ဝုဗ်အသင်းအနေနဲ့ ခံစစ်ပိတ်ကစားပြီး ခံစစ်မှာသာ အချိန်ကုန်ဖို့များတဲ့အတွက် ဝုဗ်အသင်း ဂိုးမရနိုင်ဘူးလို့ ယူဆထားပြီး အာဆင်နယ် တစ်သင်းတည်းကလည်း လေးဂိုးလောက်ထိ သွင်းနိုင်မယ် မထင်တာကြောင့် ဂိုးအောက်ရွေးချယ်ခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။
◾ နယူးကာဆယ် Vs ဆောက်သမ်တန်
နယူးကာဆယ်အသင်းက ဘယ်နောက်ခံကစားသမား လူးဝစ်ဟော၊ လူငယ်တိုက်စစ်မှူး အိုဆူလာနဲ့ အရံဂိုးသမားတစ်ယောက်သာ ခေါ်ထားပေမဲ့ နယူးကာဆယ်အသင်းရဲ့ လူစာရင်းက အထိုင်မပျက်ဘဲ မနှစ်ကအတိုင်း အထိုင်ကျပြီးသား ကစားသမားတွေ ရှိနေသေးပါတယ်။ ဆောက်သမ်တန်အသင်းက တန်းတက်အသင်းဆိုပေမဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း နှစ်သင်းလုံး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ ဆောက်သမ်တန်လိုအသင်းကို တစ်လုံးကိုးဆယ်အရှုံးထိပေးထားတဲ့ နယူးကာဆယ်အသင်းရဲ့ ဘော်ဒီကြေးက ကြေးပြင်းတယ်လို့ ပြောလို့ရပြီး ဂိုးပေါင်းကြေးက သုံးလုံးခုနှစ်ဆယ်အရှုံးဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ ဘော်ဒီကြေး တစ်လုံး ခြောက်ဆယ်ရှုံးလောက်သာ ပေးသင့်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ဒီပွဲမှာ ဘွတ်ကီတွေက နယူးကာဆယ်အသင်းကို အကြိုက်တွေ့နေပုံရပြီး ကြေးပြင်းပြင်းပေးထားတဲ့အတိုင်း နယူးကာဆယ်အသင်း ကြေးအောင်သွားနိုင်ပါတယ်။ ဘွတ်ကီဖော်လိုအတိုင်း အိမ်ရှင်နယူးကာဆယ်အသင်းကို ရွေးချယ်ပေးချင်ပါတယ် ။
◾ အဲဗာတန် Vs ဘရိုက်တန်
ရှောင်ဒိုက်ရဲ့ အဲဗာတန်အသင်းက အဓိကကွင်းလယ်ကစားသမား အိုနာနာကို ထုတ်ရောင်းခဲ့ပေမဲ့ လိုင်ယွန်နောက်ခံလူ အိုဘရင်း ၊ မာဆေးတိုက်စစ်မှူး အန်ဒီရေး ၊ အက်စတွန်ဗီလာက လူငယ်ကွင်းလယ်ကစားသမား တစ်ယောက်ကို ၀ယ်ယူထားပြီး နာပိုလီကွင်းလယ်ကစားသမား လင်းစတောင်းကို အငှားခေါ်ထားတာ တွေ့ရပါတယ်။ ဘရိုက်တန်အသင်းကလည်း ဖိယင်နုကွင်းလယ်ကစားသမား ၀ီဖာ ၊ နယူးကာဆယ်တောင်ပံကစားသမား ယာကူဘူမင်းတက်နဲ့ မိန့်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမားအပါအ၀င် ကစားသမား ရှစ်ယောက်လောက်ထိ ခေါ်ယူအားဖြည့်ထားပါတယ်။ ဘရိုက်တန်အသင်းရဲ့ နည်းပြအသစ်က အသက် ၃၁ နှစ်သာ ရှိသေးပြီး အရင်နှစ်က ဂျာမာန်ဘွန်ဒက်လီဂါ ကလပ် စိန့်ပေါ်လီအသင်းကို တန်းတက်အောင် ပြုလုပ်ပေးခဲ့တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ ရာသီကြိုခြေစွမ်းပွဲတွေ အကုန်လုံး အနိုင်ရခဲ့ပြီး တော်တော်လေး ကောင်းမွန်တဲ့ ရလဒ်မျိုး ရယူထားနိုင်ပါတယ်။ သို့ပေမဲ့ ပရီးမီးယားလိဂ်ဖြစ်နေတဲ့ အတွက် ဘရိုက်တန်နည်းပြသစ် ဖေဘီယန် ဟူဇီလာ အတွက် ခက်ခဲမှုတွေ စတင်ကြုံတွေ့ရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက ပြားနှစ်ဆယ်အရှုံး ပြန်ပေးထားပေမဲ့ အဲဗာတန်အိမ်ကွင်း ဂူဒီဆန်ပါ့ခ်မှာ ထင်သလောက်လွယ်မယ် မထင်ပါဘူး။ အဲဗာတန်နည်းပြ ရှောင်ဒိုက်က ပရီးမီးယားလိဂ်မှာ ဝါရင့်တဲ့ နည်းပြတစ်ယောက်ဖြစ်တဲ့အပြင် အဲဗာတန်အသင်း အိမ်ကွင်းမှာတော့ ရှုံးနိမ့်သွားမယ် မထင်ပါဘူး။ သရေကျရင်တောင် ပြားနှစ်ဆယ် အနိုင်ရမဲ့ အိမ်ရှင်အဲဗာတန်ကို ကြိုက်ပါတယ်။
◾ နော်တင်ဟန်ဖောရက် Vs ဘုန်းမောက်
ဘုန်းမောက်အသင်းက အဓိကတိုက်စစ်မှူး ဆိုလန်ကီကို စပါးအသင်းထံ ရောင်းထုတ်ခဲ့ပြီး ပေါ်တိုအသင်းတိုက်စစ်မှူး အီဗန်နယ်ဆင်ကို ပြန်၀ယ်ထားပါတယ်။ ဘုန်းမောက်အသင်းမှာ အရင်နှစ်က ကစားသမားအများစု အသင်းမှာ ဆက်ရှိနေပြီး နည်းပြအိုင်အိုလာရဲ့ တိုက်စစ်အသားပေး ကစားဟန်ကြောင့် ဂိုးရဖို့ မပူရပါဘူး။ နော်တင်ဟန်ဖောရက်အသင်းကလည်း နယူးကာဆယ် ကွင်းလယ်ကစားသမား အန်ဒါဆင်နဲ့ တီးနားအသင်းရဲ့ နောက်တန်းကစာသမား မီလင်ကိုဗစ်တို့အပြင် လူငယ်တိုက်စစ်ကစားသမား နှစ်ယောက်ကို ခေါ်ယူထားပါတယ်။ ရာသီကြို ခြေစွမ်းပွဲတွေမှာ နှစ်သင်းလုံး ရလဒ်ကောင်းပိုင်ဆိုင်ထားကြတာ ဖြစ်ပြီး နည်းပြတွေကလည်း ဝါရင့်နည်းပြတွေ ဖြစ်ကြပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖောရက်အသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ရှစ်ဆယ်စား ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းက တိုက်စစ်အသားပေးအသင်း ဖြစ်တဲ့အပြင် အိမ်ရှင်ဖောရက်အသင်းကလည်း အိမ်ကွင်းပထမဆုံးပွဲမှာ အနိုင်ရလဒ် ရယူသွားချင်မှာပါ။ ဒီပွဲက အရှုံးအနိုင် အဖြေထွက်အောင် ကစားမဲ့ပွဲလို့ ယူဆထားပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဝက်စ်ဟမ်း Vs အက်စတွန်ဗီလာ
ဝက်စ်ဟမ်းအသင်းဟာ ဒေးဗစ်မိုယက်ကို ထုတ်ပယ်ခဲ့ပြီး လိုပယ်တယ်ဂူကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကစားသမားအသစ်တွေ ရှစ်ယောက်လောက်ထိ ခေါ်ယူထားပြီး အဓိကကျတဲ့ ခေါ်ယူမှုတွေ ပါဝင်ပါတယ်။ ဥရောပပွဲစဥ်တွေ ကစားရမဲ့ ဗီလာအသင်းကလည်း ကစားသမားသစ် ရှစ်ယောက်လောက်ထိ ခေါ်ယူထားပြီး ကစားသမားအင်အား တော်တော်လေးတောင့်တင်းတဲ့ အနေအထားမှာ ရှိပါတယ်။ နှစ်သင်းလုံး ရာသီကြို ခြေစွမ်းပွဲတွေမှာ ရလဒ်သိပ်မကောင်း ထားကြပါဘူး။ ဒီပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက ပြားတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဘော်ဒီကြေး ပါးနေပေမဲ့ ဂိုးပေါင်းကြေး မြင့်တက်နေတာ ဖြစ်တဲ့အတွက် ဖော်မြူလာအရဆို အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သေချာနေတဲ့အတွက် ဂိုးပေါင်းကြေး မြင့်နေတာ ဖြစ်ပြီး ပေါက်ကြေးဖော်မြူလာအတိုင်း ဂိုးပေါ်တစ်မျိုးတည်းကိုဘဲ ရွေးချယ်ပေးချင်ပါတယ်။