September 20, 2024

၁၇.၈. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသော သီရိလင်္ကာနိုင်ငံသား ၂၀ ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ကယ်တင်နိုင်ခဲ့သော သီရိလင်္ကာနိုင်ငံသား ၂၀ ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မိခင်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ရာ လက်ရှိအချိန်တွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်နေ သည်။

ထို့ပြင် မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေဆဲဖြစ်သော အခြားသီရိလင်္ကာနိုင်ငံသား ၃၄ ဦးကိုလည်း ထပ်မံကယ်ထုတ်နိုင်ရန် ပစ်မှတ်ထားနေကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သိရီလင်္ကာနိုင်ငံခြားရေးဝန်ကြီးက “လူကုန်ကူးဂိုဏ်းများလက်ထဲမှာ ပိတ်မိနေဆဲဖြစ်တဲ့ အခြား သီရိလင်္ကာနိုင်ငံသားတွေကို ပြန်လည်ကယ်ထုတ်ဖို့ ပစ်မှတ်ထားနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများလက်ထဲတွင် ပိတ်မိနေခဲ့ရာမှ ပြန်လည်ကယ်တင်ခဲ့ရသူ ၂၀ ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်တွင်ရှိနေပြီး ကျန်းမာရေးကောင်းမွန်နေကြောင်း၊ မိခင်နိုင်ငံသို့ ပြန်ပို့ရန်စီစဉ်နေသော်လည်း လက်ရှိအချိန်တွင် ပြန်ပို့နိုင်မည့်အချိန်ကိုအတိအကျမပြောနိုင်သေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက ပြောသည်။

REF dailymirror

Leave a Reply

Your email address will not be published. Required fields are marked *