September 20, 2024

၁၇.၈.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ (က) အုပ်စု၊ A လမ်း၊ “–” အလှပြင်ဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး AIDS ရောဂါကြောင့် မိမိကိုယ်ကိုယ်ကြိုးဆွဲချ(ဆွဲကြိုးချ)၍ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၆ ရက် ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ထိုကြိုးဆွဲချ၍သေဆုံးသည့် ရုပ်အလောင်းကို သယ်ဆောင်ပေးရန် မိသားစုဝင်များမှ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရုပ်အလောင်းကို အသင်းယာဥ်ဖြင့် မကွေးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

“သူ့ရောဂါကိုသိလို့ ကြိုးဆွဲချသေဆုံးတာ။ ရောဂါက AIDS။ သူက ယောကျာ်းလေးစိတ်ဖြစ်လိုက်၊ မိန်း ကလေးစိတ်ဖြစ်လိုက်နဲ့ ဖြစ်ဖြစ်နေတာ။ ဆိုင်ထဲမှာ အဝတ်ပိတ်စနဲ့ ကြိုးဆွဲချသေဆုံးတာ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။

ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်သည့် အမျိုးသားမှာ အသက် (၃၄) နှစ်သာ ရှိသေးကြောင်းလည်း သိရသည်။

Photo – Zaw Naing

Leave a Reply

Your email address will not be published. Required fields are marked *