September 20, 2024

၁၇. ၈. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်လွင်အား နေထိုင်ရာ အိုင်ဇောက်ကျေးရွာနေအိမ်အထိ သွား၍ ပစ်ခတ်သတ်ဖြတ်လိုက်​ကြောင်း ကျူးလွန်သည့် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းက ယနေ့တွင် ဝန်ခံချက်ထုတ်ပြန်ထားသည်။

ကျူးလွန်မှုကို ဩဂုတ်လ ၁၅ ရက်၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်က လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နေထိုင်ရာ အိုင်စောက်ကျေးရွာအထိ ပေါက်ခေါင်း PDF က သွားရောက်သတ်ဖြတ်ကြရာ ဦးတင့်လွင်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော သစ်ရောင်းပြန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင့်လွင်သည် တပ်သားသစ်များကို အတင်းအဓ္မစုဆောင်းပေးခြင်းအပြင် စစ်မှုထမ်းများအတွက်ဟုဆိုကာ ပြည်သူလူထုထံမှ အတင်းအကျပ် ငွေကြေးများ ကောက်ခံခြင်းများ လုပ်ဆောင်ခဲ့၍ သတ်ဖြတ်သည်ဟုလည်း ပေါက်ခေါင်း PDF က အကြောင်းပြသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ​ပြည်သူ အများအပြား ရာနှင့်ချီ၍ သတ်ဖြတ်ခံထားရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *