September 20, 2024

မီးငြှိမ်းသော်လည်း မငြိမ်း၍ ယာဥ်မောင်းနှင့် စပါယ်ယာ ထွက်ပြေး

၁၇.၈.၂၀၂၄
Written by KL

နေပြည်တော် -ရန်ကုန် အမြန်လမ်းပိုင်း မိုင်တိုင် ၁၄၃/၇ ဖာလုံနှင့် ၁၄၃/၆ ဖာလုံကြားတွင် သြဂုတ်လ ၁၇ ရက် နံနက် ၃ နာရီခွဲက အဝေးပြေး ခရီးသည်တင်ယာဥ်တစ်စီး ကားဘီးဘရိတ်ရှူးငြိ၍ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ -နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ တညင်းသီးအိတ်များ တင်ဆောင်ကာ မောင်းနှင်လာသော တော်ဝင်ထွန်းခရီးသည်တင်ယာဥ်မှာ ယာဉ်နောက်ဘီး ဘရိတ်ရှူးငြိရာမှ တာယာသို့ မီးကူးစက်ပြီး လောင်ကျွမ်းခဲရာ မော်တော်ယာဥ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

“ကားမီးလောင်တော့ ယာဥ်ပေါ်လိုက်လာတဲ့သူတွေက မီးသတ်ဆေးဘူး၊ ရေပုံးတွေနဲ့ ငြှိမ်းသေးတယ်။ မီးကမငြိမ်းတာကြောင့် ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်က ကားထားပြီး ထွက်ပြေးသွားတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှုကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ်၂၀ခန့်အကြာတွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့်Express ခရီးသည်ယာဥ်မောင်း ဦးခင်ဇော်ကို ပုဒ်မ ၂၈၅/၂၀၂ဖြင့် ဇီးပင်သာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ပုံစာ။ တော်ဝင်ထွန်းယာဥ် အမြန်လမ်းတွင် မီးလောင်နေမှုမြင်ကွင်း (Photo – MFSD & အလင်းရောင် & CJ)

Leave a Reply

Your email address will not be published. Required fields are marked *