September 20, 2024

၁၆.၈.၂၀၂၄
Photo @ Written by TZ

ယခုရက်ပိုင်းတွင် စက်သုံးဆီများ အကန့်အသတ်ဖြင့်ရောင်းချနေမှုကြောင့် နေပြည်တော်အတွင်းရှိ ခရီးသည်ယာဥ်လိုင်းများမှာ ယာဥ်စီးခများ မြင့်တက်လာနေကြောင်း သိရသလို အဝေးပြေးယာဥ်စီးခများလည်း မြင့်တက်လာကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မစျေးအဝေးပြေးဂိတ်သို့ MT News မှ သြဂုတ်လ ၁၆ ရက်နေ့တွင် မြေပြင်ကွင်းဆင်း၍ ထိုဂိတ်များရှိဝန်ထမ်းများကို မေးမြန်းရာ “ဆီတွေက ၃၀၀၀၀ သောင်းဖိုးပဲ ဝယ်လို့ရတယ်။ ဆီစျေးတွေကလည်း တက်။ အဓိက ဆီက ဝယ်ချင်တိုင်းဝယ်မရလို့ တက်ရတာ။ နေပြည်တော်ကနေ ရန်ကုန်ပြန်ရင် အရင်က ၁၇၀၀၀ ဆို ခု ၂၀၀၀၀။ ၃၀၀၀ လောက်ပဲတက်တာ။ ယာဥ်တွေတော့မရပ်နားဘူး” ဟုပြောသည်။

စက်သုံးဆီများ အကန့်အသတ်ဖြင့်ရောင်းချမှုကြောင့် နေပြည်တော်၊ ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲသည့် ခရီးသယ်ယာဥ်များမှာ ယာဥ်စီးခနှင့်ကုန်စည်တန်ဆာခများ မြင့်တက်လာရခြင်းဖြစ်ပြီး အခြားသောယာဥ်စီးခများမှာလည်း ရိုးရိုးယာဥ်များတွင် ပျမ်းမျှ ကျပ် ၂၀၀၀ ခန့်နှင့် VIP ယာဥ်များတွင် ကျပ် ၅၀၀၀ ခန့် မြင့်တက်မှုရှိလာကြောင်း သိရသည်။

အလားတူ နေပြည်တော်အတွင်းပြေးဆွဲသည့် အိုးဝေများမှလည်း ယာဥ်စီးခများကို ခရီးအကွာအဝေးပေါ် မူတည် ၍ ယာဥ်စီးခ ကျပ် တစ်ထောင်ခန့်တိုးတောင်းလာကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *