September 20, 2024

၁၆. ၈. ၂၀၂၄
Written by Nay Moe

ရွေးကောက်ပွဲမှတက်လာသည့် ရှိတ်ဟာစီနာအစိုးရ လူထုအုံကြွ၍ ပြုတ်ကျမှု ဝမ်းမြောက်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက NUG နှင့် ပူးပေါင်းပေးရန် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၅၅ ဖွဲ့က ယနေ့ထုတ်ပြန်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအပေါ်ပူးတွဲကြေညာချက် သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံသား အခွင့်အရေးများကို အကြမ်းဖက် ဖိနှိပ် ချိုးဖောက်ကျုးလွန်နေသည့် အာဏာရှင် အစိုးရအား ကျောင်းသား လူငယ် အင်အားစုများနှင့် ဖိနှိပ်ခံ ပြည်သူတို့က ဆယ်စုနှစ်ကျော် မဆုတ်မနစ် တောင်းဆိုတိုက်ပွဲဝင်ကြခဲ့သည့် ရလဒ် အဖြစ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အာဏာ စွန့်လွှတ်ရသည့် အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်လိုလားသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာ မုဟမ္မဒ် ယူနွတ်စ် ကြားဖြတ်အစိုးရအနေဖြင့် NUG နှင့် PDF လှုပ်ရှားမှုများကို ပူးပေါင်းပံ့ပိုးကြပါရန် တောင်းဆိုထားသည်။

ထို့အတူ ​ရခိုင်ပြည်နယ်မှထွက်ပြေးသွားသည့် ဘင်္ဂါလီအရေးကိုလည်း NUG နှင့် AA ပူးပေါင်း၍ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် ရွေးကောက်ပွဲမှတစ်ဆင့် လူထုထောက်ခံမှုကြောင့် တက်လာသည့် ဖြုတ်ချခံအစိုးရအဖွဲ့ခေါင်းဆောင် ရှိတ်ဟာစီနာကမူ သူမထံမှ အမေရိကန်က မောင်တောမြို့ဘေးရှိ စိန့်မာတင်ကျွန်းကို ဘင်္ဂလားပင်လယ်အော်ထိန်းချုပ်ရန် တောင်းခံမှု မပေးသဖြင့် လူထုအုံကြွအောင် အမေရိကန်လုပ်ဆောင်ကာ ဖြုတ်ချခံရခြင်းဖြစ်ကြောင်း၊ အမေရိကန်က ရခိုင်ပြည်နိမိတ်အချို့ပါဝင်သော အရှေ့တီမောကဲ့သို့ နိုင်ငံငယ်တစ်ခုကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ထူထောင်လိုနေကြောင်း ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *