၁၆. ၈. ၂၀၂၄
Written by Nay Moe
အသက် ၇၅ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ပျုစောထီးခေါင်းဆောင်ဟုစွပ်စွဲကာ PDF သုံးဖွဲ့ပေါင်း သတ်ဖြတ်လိုက်သည့်အပြင် သားဖြစ်သူကိုပါ ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကျောက်ဆည်မြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ်တွင် ဩဂုတ် ၁၄ ရက် ည ၇ နာရီခန့်က ဦးတင်လှိုင် (၇၅ နှစ်) နှင့် သားဖြစ်သူ ဦးမြင့်ဇော် (၄၄ နှစ်) တို့ နေအိမ်တွင် ရှိနေစဥ် PDF ငါးဦးရောက်ရှိလာပြီး ဦးတင်လှိုင်တို့သားအဖကို ပစ်ခတ် သတ်ဖြတ်၍ ဦးတင်လှိုင်သေဆုံးကာ သားဖြစ်သူမှာ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်တွင် ဦးတင်လှိုင်တို့ သားအဖကို သတ်ဖြတ်သည်မှာ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (KRA) နှင့် ကျောက်ဆည် KDDF၊ နောင်ရိုးတပ်ခွဲ(၃)ကျောက်ဆည်တို့ ဖြစ်ကြောင်း ကျူးလွန်သည့် KRA က ဝန်ခံထားပြီး ဦးတင်လှိုင်မှာ ညောင်ဝန်းကျေးရွာ အုပ်ချူပ်ရေးအဖွဲ့ဝင် ပျူစောထိီးခေါင်းဆောင်ဖြစ်ကြောင်း၊ တပ်မတော်ထောက်ပို့ဖြစ်ပြီး ကျေးရွာလျှပ်စစ်မီး Transformers ကိုရောင်းစားကြောင်း၊ စစ်မှူထမ်းဥပဒေအတွက် အုပ်ချူပ်ရေးမှူးနှင့်အတူနောက်ကွယ်မှ ပူးပေါင်းဆောင်ရွက်နေသူဖြစ်၍ သတ်ဖြတ်လိုက်ကြောင်း ဝန်ခံထားသည်။
အဆိုပါ PDF သုံးဖွဲ့သည် ဩဂုတ် ၁ ရက်ကလည်း မြစ်သားမြို့နယ် ရှမ်းသူငယ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းမောင်နှင့် ဩဂုတ် ၃ ရက်တွင် တံတားဦးလေတပ်မှ အငြိမ်းစားဒုအရာခံဗိုလ် ဦးအောင်မြိုင်ကိုလည်း သတ်ဖြတ်ထားသည်ဟု သိရသည်။