၁၆.၈.၂၀၂၄
Written By Thandar
ကားတစ်စီးကို ဖောက်ခွဲခဲ့တဲ့ကြော်ငြာတစ်ခုကြောင့် လက်ရှိ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ သရုပ်ဆောင် Zell ကတော့ ကျွန်တော့်ကြော်ငြာ Poster က ပြည်ပကိုသွားယှဥ်နိုင်စရာအကြောင်းမရှိပေမယ့် ပရိသတ်စိတ်ဝင်စားမှုရရှိခဲ့လို့ စိတ်ကျေနပ်ပါတယ်လို့ဆိုပါတယ်။
“ဇွဲတက် Jewelry ကြော်ငြာကို ကျွန်တော်က ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းက စတင်ဖန်တီးခဲ့ကြတာပါ။ ခန္ဓာကိုယ် အချိုးအစားတွေကိုရော တခြားအကုန်လုံး ပြုပြင်ပြောင်းလဲဖန်တီးရတာမို့ပါ။ Poster ကိစ္စက မထင်မှတ်ထားလောက်အောင် ပျံ့နှံ့ခဲ့တယ်။ ဝေဖန်အကြံပြု ထောက်ပြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ Poster လုပ်ဖို့အစီအစဥ်လည်း မရှိပါဘူး။ ကျွန်တော့်ရဲ့ ကြော်ငြာမလာခင် Poster သူငယ်ချင်းတစ်ယောက် အကြံပေးလို့ လုပ်ဖြစ်တာပါ။ ကျွန်တော်ရဲ့ ပုံတွေ သေချာပုံဖော်ပြီးတော့ ကျွန်တော်ဖုန်းထဲမှာထည့်ပြီး နေပြည်တော်မှာ ဖန်တီးခဲ့တာပါ။ Professional တွေကို အခကြေးငွေပေးပြီး အပ်ထားတာလည်း မဟုတ်ပါဘူး။ တခြားကြော်ငြာတွေနဲ့ မတူအောင် ဒီကြော်ငြာအတွက် သိန်းထောင်နဲ့ချီအကုန်အကျခံပြီး ရိုက်ကူးထားတာပါ။ တကယ်နားလည်သူတွေဆိုရင် သိကြပါတယ်။ ဘောလီဝုဒ်ကတစ်ခုနဲ့ တူသွားတယ်ဆိုတာ လုံးဝသတိမထားမိလိုက်ဘူး။ Tiger Shroff လို ပြည်ပကို သွားယှဉ်နိုင်စရာ အကြောင်းကို မရှိပါဘူး။ ကျွန်တော်တို့က သူတို့နဲ့မယှဉ်နိုင်ပေမယ့် တစ်ရက်တည်းနဲ့ ရအောင် ကြိုးစားပြီးရိုက်ထားတဲ့ ကြော်ငြာလေးပါ။ ကျွန်တော့်ရဲ့ကြော်ငြာကို လူစိတ်ဝင်စားပြီး စောင့်ကြည့်ပေးကြတော့ ဝမ်းသာတယ်။ သဘောလည်းကျခဲ့တာပါ။ Poster ကိစ္စလေးကိုလည်း နားလည်ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်”သရုပ်ဆောင် Zell က ပြောပါတယ်။
ဇွဲတက် စိန်ဆိုင်ကြော်ငြာကိုတော့ ဒါရိုက်တာ Zaung က Director of Photography က VIVEK ANAND (Kollywood) တို့အပြင် နိုင်ငံခြားက Technicians တွေနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေ ပူးပေါင်းပြီး သေချာအား ထုတ်ကြိုးပမ်းထားတယ်လို့ သိရပါတယ်။ Zell ဟာ အဆိုပါကြော်ငြာအတွက် အချိန် ၇ လအထိ အချိန်ယူပြင်ဆင်ခဲ့ပြီး တခြား Projects တွေကို လက်မခံဖြစ်ဘဲ သေချာဖန်တီးပုံဖော်ထားတယ်လို့ သိရပါတယ်။