September 20, 2024

MT News
၁၆. ၈. ၂၀၂၄

တပ်မတော်အရာရှိကြီးသုံးဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးကို ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးတယ်လို့ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေနဲ့ တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်သတင်းဌာနတွေမှာ သတင်းထွက်ပေါ် ဖော်ပြလာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးကို ရာထူးတိုးတယ်လို့ သတင်းထွက်ပေါ်လာတဲ့အထဲမှာ မကြာသေးမီကမှ NUG ထောက်ခံတဲ့လူတွေကြား တပ်တွင်းအာဏာသိမ်းမှူပြုလုပ်တယ်လို့ လုပ်ကြံသတင်းဖော်ပြခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလည်း ပါဝင်တယ်လို့သိရပြီး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့လည်း ဗိုလ်ချုပ်ကြီးတွေအဖြစ် ရာထူးတိုးမြှင့်လာတယ်လို့ BBC သတင်းဌာနအပါအဝင် သတင်းမီဒီယာတွေအများစုမှာ ရေးသားနေကြပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ်(၂၅)ဆင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဟာ လက်ရှိ SAC အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူတွေဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်ပြီး (OTS)အပတ်စဉ် ၇၇ ကဖြစ်ကာ SAC အစိုးရအဖွဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်ပါတယ်။ စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပေးဖြစ်သလို SAC အစိုးရအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဒီလိုမျိုး ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးကို ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးတာနဲ့ ပတ်သက်ပြီး MT News က SAC အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကို အတည်ပြုမေးမြန်းထားပြီး ဖြေကြားပေးလာတာကို ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *