September 20, 2024

၁၆. ၈. ၂၀၂၄
Written by Thettant

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မီးအမျိုးအစားအလိုက် မီးဖိုမီး ၁၃၈ ကြိမ်၊ ပေါ့ဆမီး ၂၂၂ ကြိမ်၊ အလိုအလျောက်မီး ၁၄ ကြိမ်၊ လျှပ်စစ်မီး ၂၈၄ ကြိမ်၊ မသမာသူရှို့မီး ၄၉ ကြိမ်၊ တောမီး ၆၂ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၃၅ ကြိမ်၊ မိုးကြိုးပစ် ၁ ကြိမ်၊ စုံစမ်းဆဲ ၂ ကြိမ်၊ စုစုပေါင်း ၈၀၇ ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုမီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အဦ ၃၁၄၄ လုံးတွင် စက်ရုံ/အလုပ်ရုံ ၅ လုံး၊ ဂိုဒေါင် ၃၇ လုံး မီးလောင်ခံခဲ့ရပြီး မီးဘေးသင့် ပြည်သူ ၇၀၅၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အပြင် မီးလောင်မှုကြောင့် လူ ၆၂ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိကာ တိရစ္ဆာန် ၅၈၉ ကောင်သေဆုံး၍ ငွေကျပ် ၆၄၂၁ ဒသမ ၆၃၄၉ သန်းခန့် ဆုံးရှုံးခဲ့ရသည်။

ထို့အတူ ၂ဝ၂၄ ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတော်တစ်ဝန်းလုံးတွင် မီးလောင်မှု ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးအမျိုးအစားအလိုက် မီးဖိုမီး ၆ ကြိမ်၊ ပေါ့ဆမီး ၁၂ ကြိမ်၊ အလိုအလျောက်မီး ၂ ကြိမ်၊ လျှပ်စစ်မီး ၂၈ ကြိမ်၊ မသမာသူရှို့မီး ၃ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၃ ကြိမ်၊ မိုးကြိုးပစ် ၁ ကြိမ်၊ စုံစမ်းဆဲ ၁ ကြိမ် ဖြစ်ပွားခဲ့ရာ ဂိုဒေါင် ၂ လုံး အပါအဝင် အိမ်ခြေအဆောက်အဦ ၆၄ လုံး မီးလောင်ခံရပြီး မီးဘေးသင့်ပြည်သူ ၁၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထိုဖြစ်စဥ်များတွင် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရ ၃ ဦးရှိခဲ့ပြီး ငွေကျပ် ၉၃ ဒသမ ၉၁ဝ သန်းခန့် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုများတွင် “မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီး”များသည် အများဆုံး တွေ့ရှိရသော အချက်များဖြစ်သည့်အတွက် မီးဖိုမီးကြောင့်ဖြစ်ပွားတတ်သော မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဖိုအနီးလူစောင့်ထားရှိခြင်း၊ လောင်စာဆီများ မထားကြရန်နှင့် အိုမင်းမစွမ်းသူများ၊ ကလေးငယ်များအားမီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ရေနွေးကျိုခြင်းများ မပြုလုပ်ခိုင်းခြင်း၊ မီးဖိုနံဘေးနှင့် အမိုး/နံရံအကြား လုံလောက်သော အပူခံအကာအရံများ ထားရှိစေခြင်းဖြင့် မီးလောင်မှုမှ ကင်းဝေးစေမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *