September 20, 2024

၁၆. ၈. ၂၀၂၄
Written by Nyein Kyaw

ပုလဲအလုံးပေါင်း ၁၇၅,၀၀၀၊ အတွဲ ၇၀၀ ရောင်းချခဲ့သည့် ၁၄၂ ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲအပြီးတွင် ပုလဲအတွဲပေါင်း ၅၇၁ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲအား ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ တောင်ပင်လယ်ပုလဲအလုံးပေါင်း ၁၇၅၀၀၀၊ အတွဲ ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းကဲ့သို့ ရောင်းချပေးခဲ့ရာ ပုလဲရောင်းချပွဲ ဒုတိယနေ့ ဩဂုတ် ၁၃ ရက်တွင် ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၇၇ တွဲကိုလည်းကောင်း၊ တတိယနေ့ ဩဂုတ် ၁၄ ရက်တွင် ပုလဲအတွဲပေါင်း ၂၃၀ အနက် ပုလဲအတွဲ ၁၈၄ တွဲကိုလည်းကောင်း၊ စတုတ္ထနေ့ ဩဂုတ် ၁၅ ရက်တွင် ပုလဲအတွဲပေါင်း ၂၄၀ အနက် ပုလဲအတွဲ ၁၉၆ တွဲနှင့် ထပ်မံရောင်းချရသည့် ပုလဲအတွဲ(၁၄)တွဲ စုစုပေါင်းအတွဲ(၂၁၀)တို့ကို ရောင်းချပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *