September 20, 2024

၁၆.၈.၂၀၂၄
Written By Thandar

လာမယ့် စက်တင်ဘာလ ၁၇ ရက် တော်သလင်းလပြည့်နေ့မှာ ရန်ကုန်မြို့ အလိုတော်ပြည့်ဆရာတော်ရဲ့ တပည့်ရင်း အသျှင်ကုမာရ ဦးဆောင်မှုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ PhD, MA , BA ဘွဲ့တွေရယူဖို့ ပညာသင်ကြားနေတဲ့ နိုင်ငံတကာက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေ အပါး ၇၅၀ တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနဲ့ ဆွမ်းဆန်တော်လောင်းလှူသွားမှာဖြစ်ပါတယ်။

“ထိုင်းနိုင်ငံက မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာနေပြီးတော့ PhD, MA , BA ကျောင်းတွေ တက်နေကြတဲ့ ရဟန်းသံဃာတွေပေါ့။ ဦးဇင်းတို့ ထေရဝါဒဗုဒ္ဓဘာသာတွေ ဆရာတော်တွေ အဲဒီဘုန်းကြီးတွေက အပါး ၇၅၀ ရှိတယ် သိရတယ်။ ဦးဇင်းတို့ မြန်မာသံဃာတော်တွေကအများဆုံးပေါ့။ ဒုတိယက ဗီယက်နမ် နောက် လာအို၊ ကမ္ဘောဒီးယား၊ ဘူတန်၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံအသီးသီးက ပညာသင်ကြားနေတဲ့ သံဃာတော် ၇၅၀ ပေါ့။ နေ့ဆွမ်းဆက်ကပ်ပြီးတော့ ဆွမ်းဆန်စိမ်းလောင်းလှူမှာပါ။ မြတ်စွာဘုရားရဲ့ အရိုးတော်ဓာတ် အသားဓာတ်တွေကို အနေကဇာတင်မှာပါ”လို့ ဆရာတော် အသျှင်ကုမာရက MT Entertainment ကို မိန့်ကြားပါတယ်။

ဩဂုတ်လ ၁၆ ရက် နံနက် ၉ နာရီမှာ ရန်ကုန်မြို့က အလှူရှင် သရုပ်ဆောင် အကယ်ဒမီ နေတိုးနဲ့ ဇနီး မသဲစုမြတ်ရွှေ မိသားစုတို့ကလည်း ဆရာတော့်ကို ဆွမ်းဆန်တော် လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက အလှူရှင်တွေ ပြည်တွင်းပြည်ပ စေတနာရှင်တွေလည်း ပါဝင်လှူဒါန်းနေကြတယ်လို့ သိရပါတယ်။ အလိုတော်ပြည်ဆရာတော်ဘုရားကြီး ဦးထိပ်ထားပြီးတော့ အရှင်ကုမာရတို့ရဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဖခမည်းတော်၊ မယ်တော် ဆွေတော်မျိုးတော်အတွက် ရည်စူးလှူဒါန်းတာလည်းဖြစ်ပါတယ်။

ဆရာတော်အရှင်ကုမာရကတော့ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ သီတင်းသုံးပြီး နေ့ထူး၊ နေ့မြတ်တွေမှာ အနုပညာရှင်တွေ စေတနာရှင်တွေနဲ့အတူ ဆရာတော်၊ သံဃာတော်တွေ၊ ဆိုက်ကားသမား၊ အနှေးယာဥ်လုပ်သားတွေကိုလည်း နှစ်စဥ်ကုသိုလ်ပြုလုပ်ဒါန်းမှုတွေ လုပ်ဆောင်နေလျှက်ရှိသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *