September 20, 2024

၁၆.၈.၂၀၂၄
Photo @ Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနီးရှိ သော်တာရွာကို ပျဥ်းမနားမြို့ရှိ Mytel ကုမ္ပဏီမှ အိမ်ထောင်စု ၇၀ အတွက် ဆန် ၄ ပြည်ဆန့် အိတ် ၇၀ လှူဒါန်းခဲ့သည်။

​ယနေ့သြဂုတ်လ ၁၆ ရက်နံနက်ခင်းအချိန်တွင် Mytel ကုမ္ပဏီမှ ဝန်ထမ်းများ၊ သဒ္ဒါကြည်ဖြူပရဟိတအသင်းနှင့် မိုးစေတနာပရဟိတအသင်း(ပျဥ်းမနားရုံး)တို့ ပူးပေါင်းပြီး သော်တာကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုကျေးရွာမှာ အိမ်ခြေ ၄၅၀ ရှိပြီး လူဦးရေ ၁၈၀၀ ရှိသည့်အနက် အလုပ်လက်ကိုင်မရှိသူ၊ သက်ကြီးရွယ်အိုများကို အဓိကထား၍ ဆန်များကို လှူဒါန်းခဲ့ကြောင်း တပ်ကုန်းမြို့နယ်၊ ကျေးချောင်းအုပ်စု၊ သော်တာကျေးရွာဥက္ကဋ္ဌ ဦးမောင်စိုးက ပြောသည်။

ဆန်လှူဒါန်းမှု ရရှိသည့် အသက် ၈၁ နှစ်အရွယ်အဘွားအိုက “ခက်ခဲနေတဲ့အချိန် အလှူရှင်တွေလာလှူလို့ ပျော်မိတယ်။ အဘွားက တစ်ယောက်ထဲနေရတာ။ အသက်ကလည်း တဖြည်းဖြည်းကြီးလာပြီ။ ကျန်းမာရေးကောင်းလို့ တော်သေးတယ်” ဟု ပြောသည်။

ပျဥ်းမနားရှိ Mytel ကုမ္ပဏီမှာ ပြီးခဲ့သည့် လပိုင်းကလည်း ဇေယျာသီရိမြို့နယ်၊ မရင်းကြီးကျေးရွာရှိ အိမ်ထောင်စု ၇၀ အတွက် ဆန် (၄) ပြည်ဆန့် အိတ် (၇၀) ကိုလှူဒါန်းခဲ့ကြောင်း၊ ထိုကုမ္ပဏီမှ နေပြည်တော်အတွင်းရှိ ကျေးရွာများကို လစဥ်လတိုင်း ဆန်များလှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *