September 20, 2024

၁၆.၈.၂၀၂၄
Written By Zun

မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသောမြန်မာလူငယ်တစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်သွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား )က သိရသည်။

အဆုံးစီရင်သူ လူငယ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ခရောင်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် မောင်ဇေယျာမိုး ဆိုသူဖြစ်ပြီး မလေးရှားနိုင်ငံ ဘာတူးဘာဟတ်မြို့နယ်ရှိ ၎င်းနေထိုင်ရာနေအိမ်အခန်းအတွင်း ကြိုးဆွဲချပြီး အဆုံး စီရင်သွားခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ကွယ်လွန်သူမိသားစုများက သင်္ဂြိုဟ်‌ပေးရန်အကူအညီတောင်းခံလာသည့်အတွက် နှလုံးလှပရဟိတအဖွဲ့ နှင့် လောကအလင်းလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ကွယ်လွန်သူ၏ မိသားစုမိတ်ဆွေများနှင့်အတူ မလေးရှားနိုင်ငံ၊ Fairy Park Pagoh သုသာန်၌ ဩဂုတ်လ ၁၅ ရက် တွင် သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)

Leave a Reply

Your email address will not be published. Required fields are marked *