September 20, 2024

၁၄.၈. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများအနက် ပြည်သူများ သေနတ်ပိုင်ဆိုင်မှုအများဆုံးနိုင်ငံများစာရင်းတွင် အဆင့် ၆ နေရာ ရပ်တည်နေကြောင်းသိရသည်။

CEOWORLD မဂ္ဂဇင်းသည် ၂၀၂၄ ခုနှစ်အတွက် သေနတ်အများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံများစာရင်းကို ကမ္ဘာအဆင့်သတ်မှတ်ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၇၀ တွင် ရှိနေကြောင်း သိရသည်။

အဆိုပါမဂ္ဂဇင်းသည် သေနတ်ပိုင်ဆိုင်မှုကို တွက်ချက်ဖော်ပြရာ၌ လူ ၁၀၀ တွင် သေနတ်ပိုင်ဆိုင်မှု ပမာဏကိုတွက်ချက်ဖော်ပြခြင်းမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ ၁၀၀ ၌ သေနတ်ပိုင်ဆိုင်မှု အရေအတွက်က ၁ ဒသမ ၆ ရာခိုင်နှုန်း ရှိနေကြောင်း CEOWORLD မဂ္ဂဇင်းက ဖော်ပြထားသည်။

အာဆီယံဒေသအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံအနက် ထိုင်းနိုင်ငံက သေနတ်ပိုင်ဆိုင်မှုအများဆုံးဖြစ်နေပြီး လူ ၁၀၀ တွင် သေနတ်ပိုင်ဆိုင်သူအရေအတွက်က ၁၅ ဒသမ ၁ ရာခိုင်နှုန်းရှိနေပြီး ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို၊ဗီယက်နမ်နိုင်ငံတို့က ထိပ်ဆုံး ၅ နေရာအတွင်းရှိနေကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသား ၁၀၀ တွင် သေနတ်ပိုင်ဆိုင်မှုအရေအတွက်က ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၃ ဒသမ ၆ ရာခိုင်နှုန်း၊ လာအိုနိုင်ငံက ၃ ရာခိုင်နှုန်းရှိနေပြီးမြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က လူ၁၀၀တွင် သေနတ်ပိုင်ဆိုင်သူအရေအတွက် ၁ ဒသမ ၆ ရာခိုင်နှုန်းရှိနေကြောင်း ဖော်ပြထားသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် သေနတ်ပိုင်ဆိုင်မှုအနည်းဆုံးနိုင်ငံများစာရင်းတွင် အင်ဒိုနီးရှား၊ အရှေ့တီမောတို့ ရပ်တည်နေကြောင်း သိရသည်။

CEOWORLD မဂ္ဂဇင်း၏အဆိုအရ ၂၀၂၄ ခုနှစ်အတွက် သေနတ်ပိုင်ဆိုင်မှုအများဆုံး နိုင်ငံများစာရင်း၌ အမေရိကန်နိုင်ငံက ထိပ်ဆုံးမှာရပ်တည်နေကြောင်း သိရသည်။

REF CEOWORLD

Leave a Reply

Your email address will not be published. Required fields are marked *