September 20, 2024

၁၅. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့မှာ လူအုပ်စုကြီးတစ်စုက ဝါးလုံးတွေ၊ ပလပ်စတစ်ပိုက်တွေ ကိုင်ဆောင်ပြီး ဝန်ကြီးချုပ်ဟောင်းရှိတ် ဟာစီနာကို ထောက်ခံတယ်လို့ သံသယရှိရသူတွေကို ဩဂုတ်လ ၁၅ ရက်မှာ လိုက်လံရိုက်နှက်ကာ ဟာစီနာကို ထောက်ခံပြီး တန်ပြန်ဆန္ဒပြလာနိုင်မှုတွေကို ချေမှုန်းသွားမယ်လို့ ဝန်ကြီးချုပ်ဟောင်းရဲ့ ငယ်စဉ်ကလေးဘဝက အိမ်ရှေ့မှာ သန္နိဌာန်ချခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၇၆ နှစ်ရှိ ရှိတ်ဟာစီနာအနေနဲ့ ဒက်ကာမြို့လမ်းတွေပေါ်မှာ ကျောင်းသားတွေခေါင်းဆောင်တဲ့ ဆန္ဒပြမှုတွေ မထိန်းနိုင်မသိမ်းနိုင် ပြည့်လျှံလာခဲ့ပြီးတဲ့နောက် သူမရဲ့ ၁၅ နှစ်ကြာအုပ်ချုပ်မှုကိုအဆုံးသတ်ကာ အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်မှာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့ရတာပါ။

ဩဂုတ်လ ၁၅ ရက်ကတော့ နိုင်ငံရဲ့လွတ်လပ်ရေးသူရဲကောင်းအဖြစ်ဆိုကြတဲ့ ဟစီနာရဲ့ဖခင် ရှိတ် မူဂျီ ဘ ရာမန်ဟာ တပ်အာဏာသိမ်းမှုတစ်ရပ်အတွင်း ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့ပါ။ ဟာစီနာရဲ့ အစိုးရက ဒီနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တွေကတော့ ဒီနေ့ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ကြီးမားတဲ့လူအုပ်ကြီးတွေက အမှတ်တရ အခမ်းအနားပြုလုပ်ကြတာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ ရှိတ်ဟာစီနာကို ဖြုတ်ချနိုင်ခဲ့တဲ့သူတွေက သူမရဲ့ အဝါမီလိဂ်ပါတီကို ထောက်ခံသူတွေဟာ ပြန်လည်ပြီး အင်အားစုဖွဲ့ဖို့ အခွင့်အရေးမရှိတော့ဘူးဆိုတာ သေချာစေဖို့ပြုလုပ်ရေးကို စိတ်အားထက်သန်နေခဲ့ကြပါတယ်။

ဒီနေ့မှာတော့ အဆိုပါအိမ်ရှေ့မှာ လုပ်ကြံခံရမှုအမှတ်တရ အခမ်းအနားပြုလုပ်မယ့်သူ မရှိပါဘူး။ ရဲတပ်ဖွဲ့ ဝင်တွေကိုလည်းမတွေ့ရဘဲ ဟာစီနာရဲ့ မိသားစုဟောင်းနေထိုင်ခဲ့ရာအိမ်သို့ သွားရာလမ်းမှာ ကျောင်းသားအများစုပါတဲ့ လူစုကြီးက လူသားအတားအဆီးအဖြစ် လုပ်ဆောင်ထားတာတွေ့ရပါတယ်။ အဆိုပါအိမ်က အရင်ကတော့ ရှိတ် မူဂျီ ဘာ ရာမန် အထိမ်း အမှတ်ပြတိုက်အဖြစ် တည်ရှိခဲ့တာပါ။ ဒါပေမယ့် ဟာစီနာ ဖြုတ်ချခံရအပြီး နာရီပိုင်းအတွင်းကပဲ လူအုပ်ကြီးက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဒက်ကာမြို့လမ်းတွေပေါ်မှာ ဒီလူအုပ်ကြီးက အဝါမီလိဂ်ပါတီထောက်ခံသူတွေလို့ သူတို့ သံသယရှိရသူတွေကိုလည်း တုတ်ချောင်းတွေနဲ့ရိုက်နှက်၊ တချို့ဆိုရင် ဖမ်းဆီးခေါ်ဆောင်သွားကြတာ ဩဂုတ်လ ၁၅ ရက်မှာ တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အိမ်စောင့်အစိုးရအဖွဲ့ကလည်း ဩဂုတ်လ ၁၅ ရက်ကို အများပြည်သူအားလပ်ရက် အဖြစ်သတ်မှတ်ထားခြင်းကို ဩဂုတ်လ ၁၃ ရက်က ဖျက်သိမ်းခဲ့ပါတယ်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *