September 20, 2024

၁၅.၈.၂၀၂၄
Written By Thandar

ကတ်ဆက်ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုများစွာရရှိလာတဲ့ သရုပ်ဆောင် ဧငြိမ်းဖြူရဲ့ အချစ်ရေးနဲ့ပတ်သက်ရင်တော့ Lonely ဖြစ်တဲ့ Life ထဲမှာနေနေတာမို့လို့ ကိုယ့်ဘေးက လူကိုဆိုရင် အရမ်းဖက်တွယ် ကပ်တွယ်တဲ့ထဲမှာပါတယ်လို့ ဆိုပါတယ်။

“ဧ ရွေးချယ်ခြင်သူကတော့ ဧကို အချိန်ပေးပြီး ဂရုစိုက်ပေးတဲ့သူကို ရွေးချယ်မှာပါ။ ဧ က ဘာမှမမက်မောတဲ့သူတစ်ယောက်မလို့ အချိန်ပေးပြီး ဂရုတစိုက်ချစ်ပေးတဲ့သူကိုဆိုရင် ရွေးချယ်ဖြစ်မှာပါ။ ဒါငါ့ချစ်သူ ကောင်မလေးဆိုပြီး ချစ်သူ မိန်းကလေးတစ်ယောက်လို ဆက်ဆံပေးရင် ရပါပြီ။ သေချာအသိအမှတ်ပြုသူပေါ့။ ဧက Lonely ဖြစ်တဲ့ Life ထဲမှာ နေနေတာမလို့ ကိုယ့်ဘေးက လူကိုဆိုရင် အရမ်းဖက်တွယ် ကပ်တွယ်တဲ့ထဲမှာ ပါတယ်။ တချို့ကလည်း အလုပ်တွေရှိလို့ဒါမျိုးရှိတယ်။ ဧ လိုချင်တဲ့ Type ကတော့ ဧ ကို ပိုပြီး ဦးစားပေးအလေးပေးစေချင်တယ်” လို့ သရုပ်ဆောင် ဧငြိမ်းဖြူက ပြောပါတယ်။

သူမကတော့ စက်တင်ဘာ ၂ ရက်နေ့မှာ Canal+ Channel နဲ့ Canal Zatlenn ရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသမယ့် “တောဝင်စား” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေဖြစ်တဲ့ ဖြိုးလေး၊ ထက်ယံ၊ သံသာမိုးသိမ့်၊ သားညီ၊ စည်ဖြိုး၊ ဂျေးဟိုက်(G)၊ လင်းသစ်အောင် စတဲ့အနုပညာရှင်တွေနဲ့ ပါဝင်ထားပါတယ်။

“ဧကတော့ အနုပညာနဲ့ပတ်သက်ပြီး ရူးသွပ်တာမို့ ဘယ်လောက်ပဲ ကိုယ့်ကို ကာရိုက်တာအတွက် ပီပြင်ဖို့ လုပ်ခိုင်းပါစေ အကောင်းဆုံးကြိုးစားတယ်။ ကိုယ်ချစ်တဲ့ အနုပညာမို့ ပင်ပန်းတယ်လို့လည်း မထင်ဘူး။ တချို့က ဧ ကို သိပ်လုပ်နိုင်မယ်လို့ မထင်ကြဘူး။ ဧ က အနုပညာနဲ့ ပတ်သက်ရင်တော့ ရတယ်။ ဘယ်လိုပဲ တင်ဆက်ရရပါ။ ဧ အကောင်းဆုံး ကြိုးစားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *