September 20, 2024

၁၅.၈.၂၀၂၄
Written by TZ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံရှိ နေအိမ်အခန်းထဲ၌ မီးဖိုတွင် ငါးကြော်နေသည့်ဒယ်အိုးဘေးသို့ ကြောင်တစ်ကောင်ပြုတ်ကျရာက ဒယ်အိုးမှာမှောက်ပြီး ငါးကြော်နေသည့် ဆယ်ကျော်သက် အမျိုး သမီးငယ်၏ ခန္ဓာကိုယ်ပေါ်ဆီပူများလောင်းကျကာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၁၃ ရက်နေ့တွင် မိခင်ဖြစ်သူမှ ရပ်ကွက်ထဲ၌ အဝတ်လိုက်လျှော်နေစဥ် ငှားထားသည့် နေအိမ်၌ကျန်ခဲ့သော အသက် ( ၁၅) နှစ်အရွယ် သမီးဖြစ်သူမှာ မီးဖိုထဲ၌ ငါးကြော်နေစဥ် နေအိမ်တန်းလျားပေါ်မှ ကြောင်တစ်ကောင်မှာ ဒယ်အိုးဘေးသို့ပြုတ်ကျရာ ထိုအနီးတွင် ဟင်းချက်ရန်ထိုင်ပြီးပြင်ဆင်နေသည့် အမျိုးသမီးငယ်၏ ကိုယ်ပေါ်သို့ ဆီပူများ စင်လာကာ ဆီပူလောင် ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။

“သူတို့တွေက မပြေလည်ဘူး။ ဆေးကုဖို့ပိုက်ဆံမရှိလို့ လိမ်းဆေးဝယ်ပြီး လိမ်းထားတယ်။ ဆီပူက နောက်ကျော၊ မျက်နှာနဲ့ လက်တွေ လောင်းကျမိတာ” ဟုမြဝတီမြို့တွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။

ခန္ဓာကိုယ်ပေါ်ဆီပူလောင်သော်လည်း ဆေးကုသရန်ငွေကြေးမတတ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လှူဒါန်းလိုပါက ဖုန်း ၀၉-၄၅၈၂၄၂၀၄၂ အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – ဘီဝမ်း

Leave a Reply

Your email address will not be published. Required fields are marked *