September 20, 2024

၁၅. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်ကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ဩဂုတ်လ ၁၄ ရက် ထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုဖို့ ထိုင်း ဖျူထိုင်းပါတီက ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်ကာ ယခင် ထိုင်းအစိုးရအဖွဲ့တွေမှာ တာဝန်ထမ်းခဲ့ဖူးသူလည်းဖြစ်တဲ့ ချိုင်ကာဆမ် နီတီဆီရီကို ဩဂုတ် လ ၁၄ ရက်က ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၄ ရက် ညနေပိုင်းမှာ ဖျူထိုင်းပါတီနဲ့ မဟာမိတ်ညွန့်ပေါင်းပါတီတွေက ခေါင်းဆောင်တွေဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဘန်ကောက်မြို့ရှိနေအိမ်ဖြစ်တဲ့ ချန်ဆုံလာကို ဝန်ကြီးချုပ်အသစ်နေရာအတွက် ဆွေးနွေးဖို့ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။ ဒီမှာ ဖျူထိုင်းပါတီကတော့ ချိုင်ကာဆမ် နီတီဆီရီကို ဝန်ကြီးချုပ်အသစ်အဖြစ် အမည်တင်သွင်းခဲ့တာပါ။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချိုင်ကာဆမ်က ၂၀၂၃ ခုနှစ်မှာတော့ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးရုံကိုတက်လိုက်ဆင်းလိုက် လုပ်နေခဲ့ရသူပါ။ သူက ဝန်ကြီးချုပ် ယင်လပ်ရဲ့ အစိုးရမှာ တရားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။ ထိုင်းဘုရင်ရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ မင်းသမီး ဘာဂျရာကီတီယာဘာရဲ့ ဥပဒေဆိုင်ရာသင်ကြားပြသတဲ့ဆရာလည်း ဖြစ်ပါတယ်။

ဖျူထိုင်းပါတီအနေနဲ့ သူ့ရဲ့လွှတ်တော်အမတ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီမှာ ပါလီမန်အဆောက်အအုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန် မူဟာမက် နို မာသာက ဝန်ကြီးချုပ်အသစ်နေရာအတွက် ဆွေးနွေးရန် အောက်လွှတ်တော်အမတ်တွေကို ဩဂုတ်လ ၁၆ ရက် နံနက် ၁၀ နာရီမှာ အထူးအစည်းအဝေးခေါ်ယူထားတယ်လို့ သိရပါတယ်။

Ref-The Nation

Leave a Reply

Your email address will not be published. Required fields are marked *