September 20, 2024

၁၅. ၈ .၂၀၂၄
Written by MMAK

◾ ရီးရဲမက်ဒရစ် 2-0 အတ္တလန်တာ
– ဗယ်ဗာဒီ 59′
– အမ်ဘာပေ 68′

ပထမပိုင်းမှာ အတ္တလန်တာအသင်းရဲ့ ကစားပုံ သိပ်မဆိုးဘဲ ရီးရဲကို ယှဥ်ကစားနိုင်ခဲ့တာ တွေ့ရပြီး ပွဲကစားချိန် မိနစ်နှစ်ဆယ်ကျော်မှာ ဖြတ်တင်ဘောကန်တင်ပေးရာကနေ ရီးရဲနောက်တန်းကစားသမား ကာဗာဟယ်နဲ့ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဘားတန်း ထိမှန်ခဲ့တာကြောင့် ဦးဆောင်ဂိုးရနိုင်မဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

ပထမပိုင်း ပြီးခါနီမှာပဲ ရီးရဲကစားသမားရိုဒရီဂို အပိုင်ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးဘားတန်းကိုပဲ ထိမှန်ခဲ့တာကြောင့် သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။  နှစ်သင်းလုံး ထိန်းကစားနေကြပြီး ဂိုးပေါက်ကန်သွင်းချက် အခွင့်အရေးတွေ သိပ်မရခဲ့သလို အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ သွင်းဂိုးတွေ မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။

ဒုတိယပိုင်းကတော့ ရီးရဲမက်ဒရစ်က ရီးရဲမက်ဒရစ်ပါပဲလို့ ပြောရမှာ ဖြစ်ပြီး အတ္တလန်တာအသင်းထက် ခေါင်းတစ်လုံးပိုမြင့်တဲ့အသင်းဆိုတာ အကောင်းဆုံးသက်သေပြနိုင်ခဲ့ပါတယ်။ ဗင်နီးဆီးယက်နဲ့ ဘယ်လင်ဟမ်တို့ကို မထိန်းနိုင်ခဲ့တဲ့ အတ္တလန်တာအသင်း မိနစ်ငါးဆယ်ကျော်မှာတင် အဖွင့်ဂိုး စပေးခဲ့ရပြီး ဗင်နီးဆီးယက်ရဲ့ အကောင်းဆုံးပေးပို့မှုကနေ အနားယူသွားတဲ့ တိုနီခရူးရဲ့ ကျောနံပါတ် ၈ ကို ပြောင်းလဲ ၀တ်ဆင်ခွင့်ရခဲ့တဲ့ ကွင်းလယ်ကစားသမား ဗယ်ဗာဒီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ဂိုးကတော့ ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးမှုကနေ ရီးရဲအသင်းက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး အမ်ဘာပေက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရီးရဲအသင်းကပဲ ပိုကောင်းအောင် ကစားပြနိုင်ခဲ့သလို အတ္တလန်တာဂိုးသမား ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့လို့ ဒီထက်ပို ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အမ်ဘာပေကတော့ ရီးရဲအသင်းကို ရောက်ရှိလာပြီး ပထမဆုံးပွဲမှာတင် ဂိုးသွင်းယူနိုင်ခဲ့သလို အရေးပါတဲ့ ဖလားတစ်လုံးလည်းရရှိခဲ့ပြီး ရီးရဲအသင်းကလည်း စူပါကပ်ဖလားကြီးကို ခြောက်ကြိမ်မြောက်ရယူကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲအသင်းက နှစ်ဂိုးပြတ်သာ အနိုင်ရခဲ့တာကြောင့် MT Entertainment ကနေရွေးချယ်ပေးခဲ့တဲ့ ဂိုးအောက်ရွေးချယ်ခဲ့မှုလည်း အနိုင်ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *