September 20, 2024

၁၄. ၈. ၂၀၂၄
Written by Nay Moe

တရုတ်အမှီပြုပြီး မြောက်ပိုင်းလက်နက်ကိုင်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ မြို့ထဲကတစ်မြို့ဖြစ်ပြီး TNLA သိမ်းယူထားရာ သီပေါမြို့ဟာ မပြီးသေးတဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုနဲ့အတူ နေ့စဥ်ဗုံးကြဲခံရတာကြောင့် ပုံမှန်လည်ပတ်ခွင့်မရဖြစ်နေပြီး ဗုံးကြဲခံရမှု ၅ ရက်အတွင်းမှာ ၁၁ ဦး သေဆုံးခဲ့တယ်ဟု PSLF/TNLA က ပြောပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း နေ့စဥ်လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်နေလို့ သီပေါမြို့ခံတွေက စစ်ရှောင်နေကြလို သြဂုတ်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၅ ရက်အတွင်း သီပေါမြို့နယ်က ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာနဲ့ နမ့်ပေါ့ချောင်းနေရာတွေဆီ လေကြောင်းနဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် TNLA လက်အောက် ဆက်လက်နေထိုင်နေသူ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦးသေဆုံးသွားခဲ့တယ်လို့လည်း TNLA က ပြောလာပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့်ပဲ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သီပေါမြို့ခံတွေကတော့ ကျောက်မဲ၊ နမ့်လန်၊ ပန်လုံဘက် စစ်ဘေးရှောင်နေကြရတယ်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *