September 20, 2024

၁၄ .၈ .၂၀၂၄
Written by MMAK

ချန်ပီယံလိဂ်ဖလား ရခဲ့တဲ့ ရီရဲမက်ဒရစ်အသင်းနဲ့ ယူရိုပါလိဂ်ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အတ္တလန်တာ အသင်းတို့ဟာ စူပါဖလားပြိုင်ပွဲကြီးကို ယှဥ်ပြိုင်ကစားတော့မှာဖြစ်ပြီး နိုင်တဲ့အသင်းက ဥရောပအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရမဲ့ ပွဲစဥ်တစ်ပွဲလည်းဖြစ်ပါတယ်။ ဥရောပ စူပါဖလားပြိုင်ပွဲကြီးကို ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ဒီည ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး မြန်မာစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၃၀ မှာ စတင်ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးရာသီ ခေတ္တနားချိန်မှာ နိုင်ငံပွဲတွေ ယှဥ်ပြိုင်ကစားခဲ့တာကြောင့် ကစားသမားတွေ ကလပ်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ချိန် နည်းပါးခဲ့တာ တွေ့ရပြီး ခြေစွမ်းပွဲတွေမှာ နှစ်သင်းလုံး ရလဒ်ကောင်းရထားတာမျိုး မတွေ့ရပါဘူး။ ရီးရဲမက်ဒရစ်အသင်းကတော့ အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီး အကောင်းဆုံး ကြယ်ပွင့်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်သလို ဥရောပမှာ ကစားသမားအင်အားအကောင်းဆုံးအသင်း အဖြစ် သတ်မှတ်လို့ရပါတယ်။

အတ္တလန်တာအသင်းမှာ တိုက်စစ်မှူး ဆမ်မာကာ မပါ၀င်နိုင်တာ ပြဿနာမဟုတ်ပေမဲ့ အတ္တလန်တာအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းပေးထားတဲ့ အဓိကကစားသမား ကိုမိုင်နာ မပါနိုင်တာက အတ္တလန်တာ ကွင်းလယ်မှာအားနည်းချက် ဖြစ်လာနိုင်လို့ အတ္တလန်တာအနေနဲ့ ရီးရဲလိုအသင်းကို ခံစစ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားလာနိုင်ပါတယ်။

မနှစ်ကရာသီမှာ ရီးရဲအသင်းရဲ့ခံစစ်က တော်တော်မာကျောခဲ့တာ တွေ့ရပြီး ကွင်းလယ်တိုက်စစ်ကစားသမား ကိုမိုင်နာ မပါနိုင်တဲ့ အတ္တလန်တာတိုက်စစ်က ဂိုးတစ်ဂိုးရဖို့ခက်ခဲနိုင်သလို နှစ်ဂိုးလောက်အထိ သွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ စူပါဖလားဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ဖလားဖြစ်သလို နှစ်သင်းလုံးကလည်း လိုချင်နေတာ ဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းကစားကြမယ် ထင်ပါတယ်။ သမိုင်းအရလည်း စူပါဖလားပြိုင်ပွဲ နောက်ဆုံးလေးပွဲမှာ မိနစ်ကိုးဆယ်အတွင်း ဂိုးပေါ်ခဲ့တာမျိုး မတွေ့ရဘဲ အသင်းတိုင်းလိုချင်တဲ့ ဖလားမျိုး ဖြစ်တာကြောင့် အာရုံစိုက်ကစားတာမျိုး တွေ့ရပြီး ဂိုးအောက်အများဆုံး ဖြစ်ထားတာကို တွေ့ရပါတယ်။ ဒီပွဲမှာ ရီးရဲအသင်းက တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။

ဘော်ဒီပေါက်ကြေးအရ ရီးရဲအသင်းက တစ်လုံးအသာလောက်နဲ့ ကပ်နိုင်သွားတာမျိုး ဖြစ်နိုင်သလို မိနစ်ကိုးဆယ်အတွင်း ဂိုးမရှိသရေနဲ့ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားပြီး ဂိုးတွေအပြန်အလှန်သွင်းကြမဲ့ ပွဲစဥ်မျိုး မဟုတ်သလို သွင်းဂိုးလေးဂိုးလောက်ထိ မြင်ရဖို့ မဖြစ်နိုင်ဘဲ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ရွေးချယ်ခြင်းက အကောင်းဆုံး ဖြစ်မယ်လို့ ယူဆပါတယ်။

ပွဲကြီးတွေတိုင်း ခြေစွမ်းပြတတ်တဲ့ ဗီနီစီးယပ်အပြင် အသစ်ရောက်လာပြီး ဖလားယူဖို့တက်ကြွနေမဲ့ အမ်ဘာပေတို့နဲ့ တက်ကြွလန်းဆန်းနေတဲ့ ရီးရဲဟာ အေစီမီလန်၊ ဘာစီလိုနာတို့နဲ့အတူ စူပါဖလားကြီးကို ငါးကြိမ်စီ ရယူထားနိုင်ရာက ဒီနေ့ညမှ ခြောက်ကြိမ်မြောက်ရယူသွားပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်း ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို မနှစ်ကဘောလုံးရာသီမှာ ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့တဲ့ နည်းပြကြီး ဂတ်စပါရီနီရဲ့ အတ္တလန်တာအသင်းကပဲ အသင်းသမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အနေနဲ့ စူပါဖလားကြီးကို ရယူသွားနိုင်မလား ဆိုတာကတော့…..

Leave a Reply

Your email address will not be published. Required fields are marked *