September 20, 2024

၁၄. ၈. ၂၀၂၄
Written by Nay Moe

မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာရာအိမ်မှူးတစ်ဦးကို ဒလန်လို့စွပ်စွဲပြီး အုတ်ဖို PDF အဖွဲ့က ဒီနေ့မနက်မှာ ရာအိမ်မှူးနေအိမ်အထိ ဝင်ရောက်ပစ်သတ်လိုက်ပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ဇရစ်​မျှောင်ကျေးရွာနေ ရာအိမ်မှူးဦးထွန်းထွန်းဟာ နေအိမ်မှာရှိနေချိန် ဒီနေ့ ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီခွဲခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေက ဝင်ရောက်ပစ်သတ်ကြတာပါ။ ဒီလိုမျိုး PDF တွေ ဝင်ပြီးပစ်သတ်တာကြောင့် ဦးထွန်းထွန်းဟာ သေနတ်ကျည် ၂ ချက် ထိမှန်သေဆုံးသွားသလို လက်ပစ်ဗုံး၁လုံးနဲ့ မိုလ်ဘိုင်းဖုန်း၂ လုံးကို သိမ်းယူလာတယ်လို့လည်း အုတ်ဖို PDF က ပြောပါတယ်။

ရာအိမ်မှူး ဦးထွန်းထွန်းဟာ PDF အဖွဲ့တွေနဲ့ PDF တွေရဲ့ အချက်အလက် ထောက်​လှမ်း​သတင်းပို့တာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကိုယ်ပိုင်ကားနဲ့ အကြိုအပို့လုပ်ပေးတာ၊ ရိက္ခာဝယ်ယူပေးတာ၊ စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံတာကြောင့် သတ်တာလို့လည်း အုတ်ဖို PDF က ဆင်ခြေပေးပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုက်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *