September 20, 2024

၁၄. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက တရားစွဲခံခဲ့ရတဲ့ ရှေ့နေဟောင်းတစ်ဦးကို အစိုးရအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့မှုက ဝန်ကြီးချုပ်အနေနဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုအရ အပြစ်ရှိတယ်လို့ ဩဂုတ်လ ၁၄ ရက်က ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ တာဝန်ထမ်းဆောင်မှု တစ်နှစ်ပင် မပြည့်သေးတဲ့ ဝန်ကြီးချုပ် ဆရက်သာ အနေနဲ့ အစိုးရတစ်ဖွဲ့လုံးနဲ့အတူ ရာထူးက ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ တရားသူကြီးကိုးဦးအနက် ငါးမဲ-လေးမဲနဲ့ အဆိုပါဆုံးဖြတ်ချက်ကို ဩဂုတ်လ ၁၄ ရက်မွန်းလွဲပိုင်းမှာ ချမှတ်ခဲ့တာလို့ သိရပါတယ်။ ဆရက်သာကတော့ တရားရုံးကို တက်ရောက်ခြင်းမရှိပါဘူး။ ဒီကိစ္စမှာ ဝန်ကြီးချုပ်အနေနဲ့ ကျင့်ဝတ်ချိုးဖောက်မှုရှိတယ်ဆိုတာ ခုံရုံးကို အထက်လွှတ်တော်အမတ်တွေက တိုင်ခဲ့တာပါ။

ဖြစ်ရပ်မှာ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝန်ကြီးအဖြစ်တာဝန်ပေးခဲ့တဲ့ ပီချစ်က ၂၀၀၈ ခုနှစ်မှာ အဂတိ လိုက်စားမှုနဲ့ ထောင်ဒဏ်ခြောက်လကျခဲ့သူလို့ သိရပါတယ်။

အာဏာရဖျူထိုင်းပါတီအနေနဲ့ ဆရက်သာနေရာမှာ နောက်ထပ်ဝန်ကြီးချုပ်သစ်တစ်ယောက်ခန့်ထားဖို့ အဆိုပြုရမှာဖြစ်ပါတယ်။

လက်ရှိအစိုးရအဖွဲ့အနေနဲ့လည်း ခုံရုံးဆုံးဖြတ်ချက်အရ ရာထူးက နုတ်ထွက်ရမှာပါ။ ဒါပေမယ့် ဒုတိယ ဝန်ကြီးချုပ်က အိမ်စောင့်အစိုးရရဲ့ ခေါင်းဆောင် ယာယီဝန်ကြီးချုပ်အဖြစ် အောက်လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ပြီးတဲ့အထိ ဆောင်ရွက်သွားမှာပါ။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *