September 20, 2024

၁၄.၈.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီအတွင်း စက်သုံးဆီများကို အကန့်အသက်ဖြင့်သာ ရောင်းချနေသည့်အတွက် သြဂုတ်လ ၁၄ ရက်နေ့တွင် တန်းစီစောင့်ဆိုင်းနေသည့် ဆိုင်ကယ်၊ မော်တော်ယာဥ်အများအပြားမှာ ဆီရရန် အချိန်ကြာမြင့်စွာ ကြိတ်ကြိတ်တိုး တန်းစီစောင့်ဆိုင်းနေရသည်။

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်ရှိ Denko စက်သုံးစီဆိုင်များကို MT News မှ မြေပြင်ကွင်းဆင်း၍ စုံစမ်းရာ”ဆိုင်ကယ်အပြည့်ရတယ်။ ၉၂ ဆို ၅ သောင်း။ ၉၅ ဆိုရင် ၃ သောင်း။ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဆိုရင် ၅ သောင်းဖိုးပဲရောင်းတော့တယ်”ဟု စက်သုံးစီဆိုင်ရှိ ဝန်ထမ်းများက ဆိုသည်။

အလားတူ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သားနားရှိ စက်သုံးစီဆိုင်တွင်လည်း ၉၂ နှင့် ၉၅ ကို ၃၀၀၀၀ ဖိုးသာရောင်းချပြီး ရိုးရိုးဒီဇယ်နှင့်ပရီမီယံဒီဇယ်မှာ ၅၀၀၀၀ သောင်းဖိုးသာရောင်းချကြောင်းလည်း သိရသည်။

ယမန့်နေ့က လူမှုကွန်ရက်တွင် ဆီစျေးမတည်မငြိမ်ဖြစ်လိုသူများက ပင်လယ်ဝတွင်ပင် ဆီသင်္ဘောများမရှိတော့ဟု လှုံ့ဆော်မှုများရှိခဲ့ပြီး ယနေ့တွင် ဆီတန်းစီဝယ်ယူမှုများ ပိုများလာသလို ပင်လယ်ဝတွင် ဆီသင်္ဘောများစွာရောက်ရှိနေကြောင်း သတင်းမှန်ပြန်လည်ဖြေရှင်းသူများလည်းရှိခဲ့သည်။ သို့သော် စက်သုံးဆီမှာမူ တစ်ပတ်ခန့်ကြာသည့်အထိ မြို့အများအပြားတွင် တန်းစီဝယ်ယူနေရဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *