September 20, 2024

၁၄.၈.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ အနောက်တောင်ပေါ်မိုင် ( ၂၀) ကျေးရွာတွင် ဝါးခုတ်သူအမျိုးသားအချင်းချင်း အရက်သေစာသောက်စာရင်း ရန်ဖြစ်စကားများရာက အမျိုးသားတစ်ဦး ဓားခုတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၁၃ ရက် ညခင်းအချိန်တွင် ဝါးခုတ်သူအချင်းချင်း အရက်သေစာအတူတူသောက်နေရာက ကိုမောင်ဝင်းဆိုသူမှ ကိုမျိုးဇော်ထွေး၏ ဘယ်ဘက်လက်ကို ဝါးခုတ်သည့်ဓားဖြင့်ခုတ်လိုက်သောကြောင့် ထိုလူနာကို ဒေသခံလူမှုကူညီရေးအသင်းမှ အုတ်တွင်းဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ထိုဆေးရုံမှတစ်ဆင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“လူနာကို အဲ့ဒီဘက်မှာရှိတဲ့ လူမှုရေးအသင်းက အုတ်တွင်းဆေးရုံပို့တယ်။ ပြီးမှ ရန်ခုန်သံအသင်းက တောင်ငူဆေးရုံပို့တာ။ လူနာကအရိုးတော်တော်လေးထိတယ်။ သူတို့တွေက ဝါးတွေခုတ်၊ မီးသွေးတွေပါ လုပ်ကြတာ။ အဲ့ဒါတွေလုပ်လို့ပြီးရင် အိမ်ကို ဆိုင်ကယ်နဲ့ပြန်ကြတာ။ ကျူးလွန်တဲ့သူလည်း ဖမ်းမိလောက်မှာ”ဟု လူနာကို တောင်ငူဆေးရုံကြီးသို့ပို့ပေးသည့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဦးတေဇသီရိက MT News သို့ မိန့်သည်။

အရက်သေစာအတူတူသောက်စားရင်း ဓားဖြင့်ခုတ်ခံရသည့် ကိုမျိုးဇော်ထွေးမှာ အသက် (၃၀) ဝန်းကျင်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ဦးတေဇသီရိ

Leave a Reply

Your email address will not be published. Required fields are marked *