October 18, 2024

၂၄. ၁၂. ၂၀၂၂

တင်ဆက်/တည်းဖြတ် – ပန်းအိ၊ ဟေမာ

Netflix က နှစ်သစ်ကူးအားလပ်ရက်မှာ ကြည့်ရှုဖို့ ထွက်ရှိလာမယ့် The Glory ဆိုတဲ့ ဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အွန်စောလို့ လူသိများတဲ့ မင်းသမီး Song Hey Kyo၊ အပြုံးမင်းသားလေးလို့ သတ်မှတ်ကြတဲ့ Lee Do Huyn နဲ့ နာမည်ကြီးမင်းသမီး Lim Ji Yeon တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Song Hey Kyo သရုပ်ဆောင်ထားတဲ့ နာမည်ကြီး အချစ်ဒရာမာ Descendents of the Sun ကို ရေးသားခဲ့တဲ့ Kim Eun Sook က The Glory ရဲ့ ဇာတ်ညွှန်းကို ရေးသားပေးထားတာဖြစ်ပြီး ဒါရိုက်တာ Gil Ho Ahn က ဒီဇာတ်လမ်းတွဲကို ရိုက်ကူးဖန်တီးပေးထားတာပါ။

The Glory မှာ ဇာတ်ဆောင်တွေရဲ့ ငယ်ဘဝအဖြစ် ဇာတ်လမ်းတွဲလောကရဲ့ ခေါင်းဆောင်မင်းသမီးတွေကို ထည့်သွင်းသရုပ်ဆောင်စေထားတာဖြစ်ပြီး Song Hye Kyo ရဲ့ ငယ်ဘဝသရုပ်ဆောင်အဖြစ် Jung Ji So နဲ့ Lim Ji Yeon ရဲ့ ငယ်ဘဝသရုပ်ဆောင်အဖြစ် Shin Ye Eun တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Glory ဟာ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်ကူးယဉ်အိပ်မက်မက်ခဲ့တဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းတွင်းအကြမ်းဖက်မှုတွေ၊ နှိပ်စက်မှုဒဏ်တွေကြောင့် ကျောင်းထွက်ခဲ့ရပြီး သူမကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့သူတွေကို ပြန်လည်လက်စားချေမယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သည်းထိပ်ရင်ဖို မီနီစီးရီး အမျိုးအစားဖြစ်ပြီး စုစုပေါင်းအပိုင်း ၈ ပိုင်းပါဝင်မှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ မင်းသမီးဖြစ်သူ Song Hey Kyo ရဲ့ ဥပဒေဘောင်အတွင်းက မအောင်မြင်တဲ့ လက်စားချေမှုနဲ့အတူ ပုဂ္ဂိုလ်ရေးအရ ဘယ်လို ကလဲ့စားချေသွားမလဲဆိုတာတွေနဲ့ မင်းသား Lee Do Hyun ကိုလည်း လက်စားချေဖို့အတွက် ဘယ်လိုအသုံးချသွားမလဲ ဆိုတာတွေကို သည်းထိပ်ရင်ဖို ကြည့်ရှုနိုင်ဖို့ Netflix ကနေ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထုတ်လွှင့်တော့မှာဖြစ်လို့ The Glory ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *