September 20, 2024

၁၃. ၈. ၂၀၂၄
Written by Thettant

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်၊ မြို့မဈေးရှေ့တွင် မုံရွာမှ ယင်းမာပင်ဘက်သို့ ခင်မောင်ဆန်း မောင်းနှင်ပြီး လွင်မင်းသန့် လိုက်ပါလာသည့် Canter ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့သည်။

တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆက်တရားခံ ကြင်ဆွန်း(ခ)ကျင်စွမ်း အား Hilux Surf မော်တော်ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်းနှင့် လည်းကောင်း၊ ယင်းနေ့ နံနက် ၉ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထွဋ်မြတ်ဦး(ခ)အီးတီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ခင်မောင်ဆွေ အား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄၅ သိန်းဝးဟဍနှင့် လည်းကောင်း၊ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူ ထွဋ်မြတ်ဦး(ခ)အီးတီ အား ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန် – မန္တလေးအမြန်လမ်း၊ (၂၀၁)မိုင် တိုးဂိတ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများအား စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *