September 20, 2024

၁၃.၈.၂၀၂၄
Written by Hey Mar

လူနာတင်ယာဉ်တစ်စီး မီးလောင်တဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က သန်လျင်မြို့၊ ထမလုံကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း မီးလောင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အကူလိုက်ပါလာသူလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ အသင်းက သန်လျင်အခြေပြု လူမှုကူညီရေးအသင်းဖြစ်တဲ့ နိုင်းလူမှုကူညီရေးအသင်းပိုင်သူနာတင်ယာဉ်ဖြစ်ပြီး လူမှုကူညီရေးလမ်းကြောင်းထွက်စဉ် ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး လောင်ကျွမ်းခဲ့တာပါ။

“ဝါယာရှော့ခ်ဖြစ်ပြီး အောက်စီဂျင်အိုး ပွင့်သွားတာပါ။ တစ်စီးလုံး လောင်ကျွမ်းသွားပါတယ်။ တစ်ဦးက လက် မီးလောင် ထိခိုက်တယ်။ မစိုးရိမ်ရပါဘူး။ သန်လျင်ဆေးရုံဆီ ပို့ဆောင်ထားပါတယ်” လို့ နိုင်းလူမှုကူညီရေးအသင်းတာဝန်ရှိက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *