September 20, 2024

၁၃.၈.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းဈေးမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေသူများအား ကားတစ်စီးင အရှိန်ဖြင့်ဝင်တိုက်ရာ ၇ ဦးခန့် ထိခိုက်ခဲ့သည့်အထဲမှ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်က အလုံမြို့နယ် ဆင်မင်းဈေးအပေါ်လမ်းမှတ်တိုင်၊ ကရင်ခြံ ရပ်ကွက်တွင် ကျောင်းသားကျောင်းသူ လူကြီးလူငယ်များ ပလက်ဖောင်းပေါ်မှ ဘတ်စ်ကား စောင့်ဆိုင်းနေစဉ် အလုံလမ်းမီးပွိုင့်ကို အလွတ်မောင်းလာသော Toyota Caldina (အဖြူရောင်)က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ယာဉ်က လမ်းဘေး၌ရပ်ထားသော Bongo ယာဉ်ကိုလည်း ထပ်တိုက်သည့်အတွက် Bongo ယာဉ်မှာ ဘေး စောင်းလဲတိမ်းမှောက်သွားကြောင်းလည်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်သောယာဉ်မှာ လူငယ်အတွဲနှစ်ဦးဖြစ်ပြီး စစ်ဆေးမေးချက်အရ တစ်ညလုံးကလပ်မှ သောက် စားမူးရူးပြီးပြန်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် ၇ ဦး ဒဏ်ရာရရှိခဲ့ကြပြီး ၃ ဦးမှာ စိုးရိမ်ရသောထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများအား သံဝေဂလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒီနေ့ မနက် ဘတ်စ်ကားစောင့်နေရင်း အရှိန်နဲ့ကားဝင်တိုက်တာကြောင့် ညီမရဲ့အဒေါ် ၂ ယောက် ထိပြီး ၁ ယောက်က လက်ကျိုးပြီး ၁ ယောက် အသက်ဆုံးရှုံးလိုက်ရတယ်။ ခေါင်းက ပလက်ဖောင်းနဲ့ ရိုက်မိပြီး Ambulance ပေါ်မှာတည်းက စိုးရိမ်ရတဲ့ အခြေနေဖြစ်သွားတာ။ ခေါင်းထိသွားတာဆိုတော့ ဆေးရုံရောက်တဲ့ ထိ အသိရော သတိရော ပါမလာတော့ဘူး။ မနက် ၈ နာရီ ၃၅ မိနစ်လောက်မှာ ဆုံးသွားတာပါ”ဟု သေဆုံးခဲ့သူများထဲမှ အမျိုးသမီးတစ်ဦး၏ တူမဖြစ်သူက ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပုံစာ။ ယာဥ်တိုက်မှုမြင်ကွင်းနှင့် ကျုးလွန်သူမြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *