September 20, 2024

ပုံစာ။ သုံးလောင်းပြိုင်သတ်ဖြတ်ခံရသည့် မိသားစုဝင်သုံးဦး၏ စျာပနနှင့် ဖမ်းမိတရားခံနှစ်ဦးဟု Telegram တွင် ဖော်ပြနေသည့် ပုံများ (Photo -Credit)

၁၃.၈.၂၀၂၄
Written by TZ

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းနှင့် လားရှိုး ( ၅) လမ်းထောင့် အိမ်အမှတ် ( ၅၉၅၈) တွင် နေထိုင်သည့် မိသားစုဝင် (၃) ဦးကို ဓားဖြင့် သတ်ဖြတ်လုယက်သွားသည့် တရားခံ ၂ ဦးကို ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

သတ်ဖြတ်ခံရသည့် အိမ်ရှင်ဖြစ်သူအသက် (၄၉) နှစ်အရွယ် ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ အသက် (၄၈) နှစ်အရွယ် ဒေါ်စောသန္တာဦး၊ ၎င်းတို့၏သားဖြစ်သူ အသက် (၂၉) နှစ်အရွယ် ကိုရွှေအုပ်စိုးတို့ကို ဓားဖြင့်သတ်ဖြတ်သွားသည့် တရားခံအမျိုးသား (၂) ဦးကို ဖမ်းဆီးရမိထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကို အတည်ပြုသည်။

“ဖမ်းဆီးရမိတယ်။ အမျိုးသား ၂ ယောက်။ သူတို့ကို ရန်ကုန်မြို့မှာမိတာ။ လက်ရှိစစ်ဆေးနေဆဲ။ သတ်ခံရတဲ့မိသားစုတွေက ဆရာဝန်မိသားစုမဟုတ်ဘူး။ ရိုးရိုးသာမာန်မိသားစုဝင်တွေ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News သို့ အတည်ပြုသည်။

ဖမ်းဆီးရရှိသည့် လုယက် လူသတ်တရားခံ (၂) ဦးမှာ ယခင်ကလည်း ရာဇဝတ်မှုကျူးလွန်ထားသူများဖြစ်ကြောင်း၊ ဖမ်းမိ တရားခံနှစ်ဦးမှာ ရဲထက်ကျော်နှင့် ဇော်ဇော်ဆိုသူတို့ဖြစ်ကြောင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် Telegram Channel များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ပုံစာ။ သုံးလောင်းပြိုင်သတ်ဖြတ်ခံရသည့် မိသားစုဝင်သုံးဦး၏ စျာပနနှင့် ဖမ်းမိတရားခံနှစ်ဦးဟု Telegram တွင် ဖော်ပြနေသည့် ပုံများ (Photo -Credit)

Leave a Reply

Your email address will not be published. Required fields are marked *