September 20, 2024

ပုံစာ။ PDF များ တိုက်ခိုက်ဖျက်ဆီး၍ အရေးပေါ်ရပ်နားလိုက်သည့် V Power နှင့် Sembcorp ဓာတ်အားပေးစက်ရုံနှစ်ခု မြင်ကွင်း(Photo-Credit)

MT News
၁၃. ၈. ၂၀၂၄

NUG ဩဇာခံ PDF များ တိုက်ခိုက်မှုခံ​​နေရသည့် မြင်းခြံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံနှစ်ခုအား အရေးပေါ်ရပ်တန့်လိုက်ရသဖြင့် ဓာတ်အားထုတ်လုပ်မှု ၄၉၂၀ မဂ္ဂါဝပ်နာရီလျော့နည်းသွား၍ မီးပိုပြတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယခု အသိပေးသည်။

PDF များ၏ ဖျက်ဆီးတိုက်ခိုက်နေမှုကြောင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာ၀ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)သည် ဩဂုတ် ၁၂ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်တွင်လည်း ကောင်း၊ Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ (မြင်းခြံ) သည် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင်လည်းကောင်း စက်များအရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျှက်ရှိသည်။

သို့ဖြစ်ပါ၍ အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ဝန်အားထိန်းညှိ‌မှုများဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန်များအား ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများဆောင်ရွက်လျှက်ရှိကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *