October 31, 2024

သေဆုံးသည့် ပြည်ခိုင်ဖြိုးပါတီဝင်ကို တွေ့ရစဥ်

၂၄. ၁၂. ၂၀၂၂
Written by Min Mahar

ယမန့်နေ့ညဦးပိုင်းက အသက် ၄၅ နှစ်အရွယ် ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ၆ ချက် ပစ်သတ်ခံရမှု နွားထိုးကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၂၃ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုဇီးကျေးရွာတွင်နေထိုင်သော ပြည်ခိုင်ဖြိုးပါတီအလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်ခန့်ရှိသော အမျိူးသားတစ်ဦးသည် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်စာရင်းများအား မြိုနယ်လဝကရုံးသို့ ပို့ပေးပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် နွားထိုးကြီးမြိုနယ်၊ ခက်လန်းကျေးရွာအနီးရှိ နွားထိုးကြီးနှင့်ပြင်စည်သို့ သွားသည့်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၇/၅)နှင့် (၂၇/၆)ကြားတွင် အမည်မသိသေနတ်သမားက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

“နေ့လည်လောက်ကတည်းက ရွာထဲမှာကောက်ထားတဲ့ အိမ်ထောင်စုမိတ္ထူစာရင်းတွေကို လဝကရုံးကို သွားပို့မယ်ဆိုပြီး ထွက်သွားခဲ့တာ ပြန်မလာ ပြန်မလာနဲ့ မျှော်နေကြတာ။ ည ၉ နာရီကျော်မှ သေနတ်နဲ့ပစ်သတ်ခံရတယ် ကြားတော့တာ”ဟု အသတ်ခံရသည့်သူ၏ မိသားစုဝင်တစ်ဦးက MT News သို့ ပြောသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် နဖူးကိုကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါးကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ၂ ချက်၊ ဝမ်းဗိုက်ကို ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၃ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *