September 20, 2024

၁၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည့် ဒေါ်နယ်ထရန့်က အကယ်၍သာ ရွေးကောက်ပွဲတွင် ၎င်းက အနိုင်ရခဲ့ပါက ပူတင်နှင့် အဆင်ပြေသင့်မြတ်မည်ဟု မျှော်လင့်ကြောင်း လူမှုကွန်ရက် X ၌ ဩဂုတ်လ ၁၂ ရက်ညက ဘီလျံနာ အီလွန်မတ်စ်ခ်နှင့် ဆက်သွယ်စကားပြောရာတွင် ပြောကြားခဲ့သည်။

ထရန့်က အီလွန်မတ်စ်ခ်နှင့် လူမှုကွန်ရက် X ၌ တွေ့ဆုံမေးမြန်းရာ၌ “ကျွန်တော်နဲ့ ပူတင်နဲ့က အရမ်းအဆင်ပြေပါတယ်။ သူကလည်းကျွန်တော့်ကို လေးစားမှုရှိတယ်။ကျွန်တော်သာ ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရလို့ သမ္မတဆက်ဖြစ်နေခဲ့ရင် ယူကရိန်းစစ်ပွဲနဲ့ ဂါဇာပဋိပက္ခတွေ ဖြစ်လာစရာအကြောင်းမရှိ ဘူး” ဟု ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းလည်းဖြစ်သည့် ဒေါ်နယ်ထရန့် က နိုဝင်ဘာလ ၅ ရက် သမ္မတ ရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်အဖြစ် ဒီမိုကရက်ပါတီသမ္မတလောင်းဖြစ်သည့် လက်ရှိဒုတိယသမ္မတ ကာမာလာဟားရစ်နှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ဒေါ်နယ်ထရန့် နှင့် အီလွန်မတ်စ်ခ်တို့၏ တွေ့ဆုံမေးမြန်းမှုတွင် ၎င်းတို့နှစ်ဦးစလုံးက ကာမာလာဟားရစ်အား အစွန်းရောက် လက်ဝဲယိမ်းသူတစ်ဦးအဖြစ် သဘောတူခဲ့ကြကြောင်းလည်း သိရသည်။

Ref- CNN, Tass

Leave a Reply

Your email address will not be published. Required fields are marked *