September 20, 2024

၁၃. ၈. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေးပြည့်မီပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန် Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်၍ အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသိပညာများ ဖြန့်ဝေပေးနိုင်သည့် တက္ကသိုလ်များ တည်ထောင်ထားသကဲ့သို့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် ပိုမိုနှီးနှောဆက်နွှယ်သည့် ဘာသာရပ်များကို အဓိကထားသင်ကြားပေးသည့် တက္ကသိုလ်များ လိုအပ်လျက်ရှိရာ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရေး အဓိကထားသည့် ဘက်စုံသက်မွေးပညာတက္ကသိုလ် (Polytechnic University) များမှတစ်ဆင့် အခွင့်အလမ်းရရှိစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံတကာ Polytechnic University များကို ဆန်းစစ်လေ့လာနိုင်ပြီး အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်များ ပေါ်ထွက်လာနိုင်ရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုမှတစ်ဆင့် ယခုပညာသင်နှစ်တွင် Polytechnic University (၈) ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *