September 20, 2024

၁၃.၈.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ ပရဟိတဆေးကုသသူ သရုပ်ဆောင် ထူးခန့်ကျော်က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဘောလယ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူ လူဦးရေ ၁၃၀၀ ကျော်စာ ထမင်း၊ ဟင်းနဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်တို့ ဘောလည်ကျွန်းဆိုတာ ထန်းတပင်မြို့နယ်ထဲမှာ ရှိတာပါ။ လှူတဲ့ နေရာမှာလည်း (၃၁) ဘုံ၌ ကျင်လည်ကုန်သူများကို ကျေးဇူးဆပ်သောအားဖြင့် လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ကျွန်တော့်ဆီကို လာဆေးကုသူတွေ လှူဒါန်းကြတာဖြစ်တယ်။ စင်ကာပူကလည်း ၁၀ သိန်း ပါဝင်လှူတယ်။ ဆရာသုံးဖို့ လှူတဲ့သူတွေရဲ့ ငွေတွေကိုလည်း လှူဖြစ်တာပါ။ တချို့က ရေကြောင့် ခြေထောက်ခြေဝဲစားတဲ့သူတွေအတွက်လည်း ဆေးတွေပါပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေလည်း ပါပါတယ်။ အမျိုးတွေရဲ့ အကူအညီများနဲ့ အတူတူ အခုလိုမျိုး ရေဘေးသင့်ပြည်သူတွေကို လာရောက်လှူဒါန်းပေးခွင့်ရတဲ့အတွက်ကြောင့် ရေဘေးအတွက် ဒုက္ခရောက်နေတဲ့ အမျိုးတွေဆီကို သွားရောက်လှူဒါန်းခဲ့တာပါ။ ကျွန်တော်တို့ ခက်ခဲတယ်ဆိုတာ တကယ့်ကို ဒုက္ခခံစားနေရတဲ့ အမျိုးတွေရဲ့ ခြေဖဝါးအောက်က ခြေမှုန်လေးတွေလောက်တောင် မရှိသေးပါဘူး။ ဟိုမှာ သောကတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာပါ”လို့ သရုပ်ဆောင် ထူးခန့်ကျော်က ပြောပါတယ်။

သူဟာ ဩဂုတ်လ ၁၁ ရက်နေ့က ဆေးလာကုသရင်း ကန်တော့ငွေ၊ ခုနှစ်ရက်သားသမီးတွေ လှူဒါန်းငွေတွေနဲ့အတူ လူ ၁၃၀၀ ကျော်စာ ထမင်း၊ ကြက်သားအချိန် ၁၀၀၊ သီးစုံဟင်း၊ ငပိကြော်၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်၊ ဆေးဘူး၊ တန်ဖိုးအနေနဲ့ သိန်း ၇၀ ကျော်အထက် လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ အဆိုပါ ဘောလယ်ကျွန်းက ဆေးလာကုသကြတဲ့ ဝေဒနာရှင်တွေက အယောက် ၅၀ ကိုလည်း ရန်ကုန်မြို့မှာ ဆေးလာကုသဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *