MT News
စနေညမှာတော့ ဥရောပထိပ်သီးလိဂ်တွေအကုန် ပြန်ကစားကြမှာပဲ ဖြစ်ပါတယ်။
မနေ့ညက MT News ရဲ့ ခန့်မှန်းချက် (၄) ပွဲမှာ (၄) ပွဲလုံးမှန်ကန်ခဲ့ပြီး ဒီကနေ့စနေနေ့ညမှာတော့ ပရီးမီးယားလိဂ် (၂) ပွဲ၊ စီးရီးအေ (၁) ပွဲ၊ လာလီဂါ (၂) ပွဲ၊ ဘွန်ဒက်လီဂါ (၂) ပွဲ ခန့်မှန်းပေးထားပါတယ်။ MT News ရဲ့ ပွဲကြိုခန့်မှန်းမှုတွေနဲ့ ပီတိဖြစ်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။
ပရီးမီးယားလိဂ်
အာဆင်နယ် – စပါး (6:00 PM)
အာဆင်နယ်ကတော့ ဒီရာသီမှာ ထူးခြားတဲ့ခြေစွမ်းတွေနဲ့ နိုင်ပွဲတွေရပြီးဇယားထိပ်မှာဦးဆောင်နေပါတယ်။ ဒီရာသီထူးခြားချက်က ၇ ပွဲမှာ သူတို့အသင်းဟာမန်ယူအသင်းကိုပဲ ရှုံးနိမ့်ပြီး ကျန် ၆ ပွဲလုံး အနိုင်ရထားပါတယ်။စပါးအသင်းကလဲ ပွဲစဥ် ၇ မှာ လက်စတာကို 6-2 နဲ့ဂိုးပြတ်အနိုင်ရပြီး အာဆင်နယ်နဲ့ တစ်မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။အာဆင်နယ်ဟာ ဒီရာသီ အသင်းလိုက်စုဖွဲ့မှု အားကောင်းပြီး ခြေစွမ်းတည်ငြိမ်မှုရှိလို့ ဒီပွဲစဥ်မှာ တိုက်စစ်မှူး ဂျေဇူးတို့အုပ်စုကပဲ ကိန်းတို့အုပ်စုကို ထိန်းချုပ်ပြီး အနိုင်ရသွားပါမယ်။
ရွေးချယ်မှု -အာဆင်နယ်နှင့် ဂိုးပေါ်
…….
ဝက်ဟမ်း – ဝုဗ် (11:00 PM)
တန်းဆင်းဇုန်အပေါ်အောက် ရပ်တည်နေတဲ့နှစ်သင်းတွေ့ဆုံတဲ့ပွဲပါ။ ဝက်ဟမ်းက ခြေစွမ်းပိုင်းဆိုးရွားနေသလို ဝုဗ်ကတော့ မန်စီးတီးကို ၃ ဂိုးပြတ်ရှုံးတာကလွဲပြီး နောက်ပိုင်းပွဲစဥ်တွေကို သရေနဲ့အနိုင်ကန်လာကာ အမှတ်တွေပြန်ယူနေပါတယ်။ ဝက်ဟမ်းအသင်းအနေနဲ့ အိမ်ကွင်းမှာ Antonio ဦးဆောင်မှုနဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ရယူသွားမှာပါ။
ရွေးချယ်မှု – ဝက်ဟမ်း
…….
အီတလီစီးရီအေ
နာပိုလီ – တိုရီနို (7:30 PM)
ချန်ပီယံလိဂ်မှာရော စီးရီအေမှာပါ ရှုံးပွဲမရှိသေးတာ နာပိုလီပါ။ တိုရီနိုကတော့ အဝေးကွင်းဆို ခြေစွမ်းမကောင်းသလို ခံစစ်ကဂိုးတွေပေးနေရပါတယ်။ ချန်ပီယံလိဂ်ရှိနေပေမယ့် နာပိုလီအသင်း အဆင့် ၁ နေရာကနေ မဆင်းရမို့ နာပိုလီလူစုံတက်စုံနဲ့ ပွဲထွက်လာမှာပါ။ နာပိုလီတိုက်စစ်ကလည်း ပွဲတိုင်းဂိုးတွေသွင်းနေတာမို့ ဒီည ပွဲစဥ်မှာလဲ နာပိုလီအသင်းပဲ အနိုင်ရသွားပါမယ်။
ရွေးချယ်မှု – နာပိုလီ
…….
အင်တာ – ရိုးမား (10:30 PM)
အင်တာကတော့ ပြီးခဲ့တဲ့အပတ်က အူးဒီးနီစ်အသင်းကို ရှုံးခဲ့တာကြောင့် အိမ်ကွင်းပွဲစဥ်ကို အနိုင်ကစားဖို့ ပြင်ဆင်ထားပါတယ်။ ရိုးမားကလည်း အဝေးကွင်းဆို ခြေစွမ်းဆိုးရွားပြီး တစ်ဂိုးရရင် ပိတ်ကစားတတ်တာမို့ အင်တာလို အသင်းကြီးနဲ့တွေ့ရင် မလွယ်ပါဘူး။ ဒီပွဲစဥ်မှာ မာတီနက်၊ ဒီဇီကိုတို့ တိုက်စစ်ကပဲ ဂိုးတွေသွင်းပြီး ရိုးမားကိုအနိုင်ရသွားမှာပါ။
ရွေးချယ်မှု – အင်တာမီလန်
…….
စပိန်လာလီဂါ
ကာဒစ် – ဗီလာရီးရဲ (6:30 PM)
တစ်ပွဲပဲနိုင်သေးတဲ့အသင်းနဲ့ တစ်ပွဲပဲရှုံးသေးတဲ့ နှစ်သင်းဆုံတွေ့နေတာပါ။ တိုက်စစ်ပိုင်းရော ခံစစ်ရော အဖက်ဖက်ကသာနေတဲ့ ဗီလာရီးရဲကိုကာဒစ်မယှဥ်နိုင်ပါဘူး။ ဗီလာရီးရဲအနိုင်က လုံးဝသေချာပါတယ်။
ရွေးချယ်မှု – ဗီလာရီးရဲလ်
…….
ဂီတာဖေး – ဗယ်လာဒိုးလစ် (8:45 PM)
ဂီတာဖေးက နောက်ဆုံး ၂ ပွဲဆက်အနိုင်ရပြီး ခြေစွမ်းထက်မြက်နေပါတယ်။ နောက်ဆုံး ၂ပွဲဆက် အဝေးကွင်း အိမ်ကွင်းနှစ်ပွဲလုံး အနိုင်ရထားတဲ့ဂီတာဖေးကို အဝေးကွင်းတိုင်းရှုံးနေတဲ့ ဗယ်လာဒိုးလစ် မယှဥ်နိုင်ပါဘူး။ဂီတာဖေးအနိုင်ပါ။
ရွေးချယ်မှု – ဂီတာဖေး
…….
ဖရန့်ဖတ် – ယူနီယံဘာလင် (8:00PM)
ဖရန့်ဖတ်ကတော့ တိုက်စစ်ထက်မြက်ပြီး ဖွင့်ဆော့တဲ့အသင်းပါ။ ဒီရာသီမှာလုံးဝရှုံးပွဲမရှိဘဲ ဘိုင်ယန်လိုအသင်းကိုတောင် သရေကန်ပြီး အဆင့် ၁ နေရာ ရထားတာ ယူနီယံဘာလင်ပါ။ ဖရန့်ဖတ်ကောင်းတာမှန်ပေမယ့် အဆင့် ၁ နေရာက ယူနီယံဘာလင်ကိုတွေ့ဆုံရာမှာ ခြေချော်လက်ချော်ဖြစ်နိုင်ပါတယ်။ ဒီပွဲစဥ်မှာတော့ အဆင့် ၁နေရာကို ထိန်းထားမယ့် ယူနီယံဘာလင် သရေနဲ့အနိုင်ပါပဲ။
ရွေးချယ်မှု – ယူနီယံဘာလင်
…….
ကိုးလုံး – ဒေါ့မွန် (8:00 PM)
ကိုးလုံးက ဒီရာသီ နိုင်ပွဲတစ်ပွဲသာရပြီး သရေပွဲတွေများနေပါတယ်။ ဒေါ့မွန်ကတော့ ဇယားထိပ်ကိုရောက်ဖို့ဆိုရင် ဒီပွဲစဥ်ကိုမဖြစ်မနေ အနိုင်ကစားမှ ရပါမယ်။ ပွဲတိုင်း ဂိုးပေးနေရတဲ့ကိုးလုံးကို ဒေါ့မွန်အသင်း အနိုင်ရသွားမှာပါ။
ရွေးချယ်မှု – ဒေါ့မွန်