September 20, 2024

၁၃. ၈. ၂၀၂၄
Written by Tha Doe

စင်ကာပူအစိုးရပိုင် တီးမားဆက်ကုမ္ပဏီနောက်ခံနဲ့ မြင်းခြံခရိုင်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့ Sembcorp ကုမ္ပဏီဟာ ဩဂုတ် ၁၀ ရက်မှာ PDF တွေ စတင်လိုက်တဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် မနေ့ကစ ယာယီရပ်နားထားကြောင်း ​ကြေညာလာပါတယ်။

လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ထုတ်လုပ်နေတဲ့ Sembcorp Industries ရဲ့ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒေါ်လာ သန်း ၃၀၀ မြှုပ်နှံထားပြီး ၂၀၁၈ ခုနှစ်အကုန်ပိုင်းမှာ စတင်လည်ပတ်ခဲ့ပေမဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ယာယီရပ်နားလိုက်တာဖြစ်ပြီး လုံခြုံမှုရှိပြီး သင့်တော်တဲ့အချိန်မှ ပြန်လည် လည်ပတ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၂၀၀ ခန့်ရှိပေမဲ့ တိုက်ပွဲတွေကြောင့် မဂ္ဂါဝပ် ၁၀၀၀ နီးပါး ထုတ်လုပ်နိုင်မှု လျော့ကျနေသလို လက်ရှိမှာ နေ့စဥ် မဂ္ဂါဝပ် ၂၈၀၀ ခန့်သာ ထုတ်လုပ်နိုင်လို့ လျှပ်စစ်ဓာတ်အား ရရှိမှုလျော့ကျနေတာကြောင့် အလှည့်ကျ အချိန်ပိုင်းပဲ မီးပေးနိုင်ချိန်မှာ ၂၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ Sembcorp ရပ်ဆိုင်းသွားမှုကြောင့် ပြည်တွင်းလျှပ်စစ်ဓာတ်အားပေးမှု အခက်ကြုံရဦးမှာ ဖြစ်ပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို ထောက်ခံအားပေးဖို့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့ PDF တွေဟာ ဒီနှစ်ရက်အတွင်း တောင်သာမြို့နယ်က လျှပ်စစ်ဓာတ်အားခွဲရုံ၊ မင်းကန်ရွာအနီးက သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ စွပ်ကျယ်စက်ရုံ အပြင် တခြားနိုင်ငံပိုင်အဆောက်အအုံတွေ၊ ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါသေးတယ်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *