September 20, 2024

MT News
၁၂.၈. ၂၀၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် KIA နှင့် KPDF များ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် သံဃာတော် ၂ ပါး ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရှိရသည်။

ဖြစ်စဉ်မှာ KIA နှင့် KPDF များသည် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ဌာနဆိုင်ရာအဆောက်အဦနှင့် လူနေအိမ်များအား လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှနေ၍ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါလက်နက်ကိုင်များ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးသည် မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ မြနှင်းဆီကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဆောင်အတွင်း သီတင်းသုံးနေသော သံဃာတော် ၂ ပါး ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဗန်းမော်မြို့ ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေး စတင်ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုမျုးကြောင့် ရဟန်း၊ သံဃာ ၈၄ ပါး ပျံလွန် တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/ NUG/PDF/ EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၀,၉၃၀ လုံးကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *