September 20, 2024

၁၂. ၈. ၂၀၂၄
Written by Nyein Kyaw

တောင်ပင်လယ်ပုလဲအလုံးပေါင်း ၁၇၅,၀၀၀၊ အတွဲ ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည့် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ယနေ့ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲကို ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ်ပုလဲအလုံးပေါင်း ၁၇၅၀၀၀၊ အတွဲ ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသ ရောင်းချပေးသွားမည်ပြီး ဩဂုတ် ၁၃ ရက်(ယမန်နေ့)တွင် တင်ဒါအမှတ် (၁) ဖြစ်သည့် ပုလဲအတွဲအမှတ် ၀၀၁ မှ ၁၁၅ တွဲအထိ ပုလဲအတွဲ ၁၁၅ တွဲနှင့် တင်ဒါအမှတ် (၂) ဖြစ်သည့် ပုလဲအတွဲအမှတ် ၁၁၆ မှ ၂၃၀ တွဲအထိ ပုလဲအတွဲ ၁၁၅ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ဩဂုတ် ၁၄ ရက်တွင် တင်ဒါအမှတ် (၃)ဖြစ်သည့် ပုလဲအတွဲအမှတ် ၂၃၁ မှ ၃၄၅ တွဲအထိ ပုလဲအတွဲ ၁၁၅ တွဲနှင့် တင်ဒါအမှတ် (၄)ဖြစ်သည့် ပုလဲအတွဲအမှတ် ၃၄၆ မှ ၄၆၀ အထိ ပုလဲအတွဲ ၁၁၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ဩဂုတ် ၁၅ ရက်တွင် တင်ဒါအမှတ် ၅ ဖြစ်သည့် ပုလဲအတွဲအမှတ် ၄၆၁ မှ ၅၈၀ အထိပုလဲအတွဲ ၁၂၀ တွဲနှင့် တင်ဒါအမှတ် (၆)ဖြစ်သည့် ပုလဲအတွဲအမှတ် ၅၈၁ မှ ၇၀၀ အထိ ပုလဲအတွဲ ၁၂၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *