October 31, 2024

အားတစ်ကြိမ်သွင်းရုံနှင့် မိုင် ၆၀၀ ကျော် မောင်းနှင်နိုင်သော Sunswift 7 ယာဥ်နှင့် တီထွင်သူများ

၂၄. ၁၂. ၂၀၂၂
Written by Nay Aung

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် နယူးဆောက်ဝေးလ်တက္ကသိုလ် UNSW က တီထွင်လိုက်တဲ့ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ကား Sunswift 7 ဟာ နေရောင်ခြည် စွမ်းအင်ကို ၁၂နာရီကြာ တစ်ကြိမ်အားသွင်းရုံနဲ့ မိုင်ပေါင်း ၆၂၁ မိုင် အကွာအဝေးကို မောင်းနှင်နိုင်ကာ ကမ္ဘာဂင်းနစ်စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Sunswift 7 ကားဟာ ပျမ်းမျှအားဖြင့် တစ်နာရီ ၅၃ မိုင်နှုန်း နီးပါး မောင်းနှင်နိုင်ခဲ့ပြီး တစ်ကြိမ်အားသွင်းရုံနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ မဲလ်ဘုန်းမြို့ကို မောင်းနှင်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

Sunswift 7 ကားကို ဆစ်ဒနီမြို့အခြေစိုက် နယူးဆောက်ဝေးလ်တက္ကသိုလ် UNSW ကကျောင်းသားတွေ ဒီဇိုင်းထုတ်ဖန်တီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ကားဟာအလေးချိန် ၁၂၀၀ ပေါင် ရှိပြီး ကမ္ဘာကျော်လျှပ်စစ်ကား ကုမ္မဏီဖြစ်တဲ့ Tesla ကား အလေးချိန်ရဲ့ ၄ ပုံ၊ ၁ ပုံပဲ ရှိသလို လေခွင်းအားကောင်းတဲ့ ဒီဇိုင်း၊ မော်တာနဲ့ Drive Chain စွမ်းဆောင်ရည်၊ စွမ်းရည်ကုန်မှု အံ့အားသင့်စရာ လျှော့ချပေးမှု စတဲ့ အားသာချက်တွေလည်း ရှိနေကြောင်းသိရပါတယ်။

အဆိုပါ Sunswift 7 ကားဟာ ရာသီဥတုဆိုင်ရာ ထိန်းချုပ်မှု၊ လေအိတ် အစရှိတဲ့ မရှိမဖြစ် အရာတွေ မပါဝင်သေးလို လမ်းပေါ်မှာ တရားဝင် မောင်းနှင်ခွင့်မရှိသေးကြောင်း လက်ရှိအချိန်မှာတော့ တစ်ကြိမ်အားသွင်းရုံနဲ့ မိုင်ပေါင်း ၆၂၁ မိုင် ကျော် မောင်းနှင်နိုင်တဲ့ အမြန်ဆုံး လျှပ်စစ်ကားအဖြစ် ကမ္ဘာဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ကြောင်း ကမ္ဘာဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ရဲ့ဖော်ပြချက်အရသိရပါတယ်။

Sunswift 7 အမည်ရှိ ကားတီထွင်ဖန်တီးမှုအဖွဲ့ မန်နေဂျာ အန်ဒရာ ဟိုဒင်က “ပြီးခဲ့တဲ့ ၂နှစ်ကျော်က Sunswift 7 အမည်ရှိကား တည်ဆောက်ဖို့ စတင်ခဲ့တယ်။ ကားတီထွင်ရာမှာ အခက်ခဲတွေအများအပြားရှိခဲ့တယ်။ ကျွန်တော်တို့ဟာ အခက်ခဲအများအပြားရှိခဲ့ပေမယ့် အလုပ်တွေအများကြီး လုပ်ခဲ့ရတယ်။ စိတ်ဖိစီးမှုအများကြီးရှိခဲ့တယ်။ အချိန်နာရီအများကြီး ယူခဲ့ရတယ်။ ကမ္ဘာဂင်းနစ် စံချိန်က Sunswift 7 အမည်ရှိကား တည်ဆောက်ရာမှာ ပါဝင်တဲ့အသင်းသားအားလုံးရဲ့ ကြိုးစားအားထုတ်မှုကို သက်သေပြလိုက်တာဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

UNSW တက္ကသိုလ်ဟာ ၁၉၉၆ခုနှစ်က လျှပ်စစ်ကားထုတ်လုပ်မှုကို ပထမဆုံးစတင်ခဲ့ပြီးနောက် ဆိုလာစွမ်းအင်သုံးလျှပ်စစ်ကားများကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လျှပ်စစ်ကားဟာ လျှပ်စစ်ကားတွေထဲ မိုင်ပေါင်း ၆၀၀ ကျော်ကို အမြန်ဆုံးသွားနိုင်တဲ့ ကားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

Sunswift 7 ကား တီထွင်ဖန်တီးအဖွဲ့ရဲ့ ပါမောက္ခဖြစ်သူက ” ဘွဲ့မရသေးတဲ့ ကျောင်းသား ၅၀ ကျော်က အပြင်း အထန်ကြိုးစားခဲ့တာဖြစ်တယ်။ အဲဒီကျောင်းသားတွေရဲ့အရည်အသွေးနဲ့ အာရုံစိုက်မှု ဖန်တီးနိုင်မှုကို ပြသနိုင်ခဲ့တယ်။ ကျောင်းသားတွေကို လွတ်လပ်စွာဖန်တီးခွင့်ပေးခဲ့တယ်။ ဘတ္ထရီနဲ့ ဆိုလာ စွမ်းအင်သုံးကားကို အရိုးရှင်းဆုံးတည်ဆောက်နိုင်ခဲ့တယ် ” လို့ ပြောပါတယ်။

Ref UNSW ၊ ndtv ၊ Guinness record

Leave a Reply

Your email address will not be published. Required fields are marked *