September 20, 2024

၁၂. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် အနေဖြင့် ရာဇဝတ်မှုစွဲချက်တင်ခံခဲ့ရဖူးသူတစ်ယောက် အား အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှု၌ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်ချက်အပေါ် မူတည်ကာ ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရသည်အထိ ဖြစ်လာနိုင်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အနေဖြင့် လွန်ခဲ့သည့်တစ်ပတ်က အဓိကအတိုက်အခံပါတီဖြစ်သော Move Forward Party ကို ဖျက်သိမ်းကာ ပါတီခေါင်းဆောင် ပီတာနှင့် အမှုဆောင်ဆယ်ဦးအား နိုင်ငံရေးလုပ်ခွင့် ဆယ်နှစ်ပိတ်ပင်ခဲံပြီးနောက်တွင် ဝန်ကြီးချုပ်အပေါ်စွဲဆိုထားသောအမှုအား ဆုံးဖြတ်ရန်ကြုံလာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဆရက်သာမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်မိသားစုနှင့် အလွန်ရင်းနှီးသော ရှေ့နေတစ်ဦး ဖြစ်သည့် ပီချစ် ချွန်ဘန်အား အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ခန့်အပ်ခဲ့မှုကြောင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ စွပ်စွဲခံခဲ့ရသည်။ ပီချစ်မှာ ၂၀၀၈ ခုနှစ်အတွင်းက အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရဖူးသည်။

ထိုစွပ်စွဲချက်ထွက်လာပြီးနောက် ပီချစ်က ဆရက်သာ ကိုကာကွယ်ရန် ရာထူးမှနုတ်ထွက်ခဲ့သည်။ သို့သော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထိုအမှုကို ကြားနာစစ်ဆေးရန် သဘောတူခဲ့သည်။ ခုံရုံးသို့တိုင်ကြားချက်ကို ထိုင်းစစ်တပ်မှခန့်ထားသော အထက်လွှတ်တော်အမတ်များက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရာဇဝတ်ပြစ်မှုဖြင့် စွဲဆိုခံထားရဖူးသူတစ်ဦးအား အစိုးရအဖွဲ့ ဝင်အဖြစ်ခန့်အပ်ခြင်းအား တားမြစ်ထားရာ ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်က ဥပဒေနှင့်မညီဖြစ်ခဲ့ရသည်။

အကယ်၍သာ ခုံရုံးက သာဗီဆင်အား ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့လျှင် ဖျူထိုင်းပါတီအဖို့ ဝန်ကြီးချုပ်နေရာ အတွက် နောက်တစ်ဦးကို အဆိုပြုရမည်ဖြစ်သည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *