September 20, 2024

၁၂.၈.၂၀၂၄
Written By Thandar

Mahar Original Series ဖြစ်တဲ့ အချစ်နဲ့အမုန်းအားပြိုင်တဲ့ မိသားစုဇာတ်လမ်းပုံစံ “ကျွန်မက ဗီလိန်” ဇာတ်လမ်းတွဲ Press Conference Show ကို ယနေ့ ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

“ချောက ဗီဒီယိုခေတ်ကတည်းက ဗန့်နဲ့ ပရိသတ်က လက်ခံခဲ့ကြတယ်။ အဲဒါကြောင့် ချောကိုယ်တိုင်လည်း ဒီ ကျွန်မက ဗီလိန် နာမည်လေးကို ကြိုက်တယ်။ ချောကိုယ်တိုင် ဗန့်ပုံစံမျိုး သဘောကျလို့ လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ ချောက ဒီဇာတ်ကားထဲမှာ မယ်မဟာ ကာရိုက်တာ ပရိသတ်တွေမြင်တွေ့ရမှာပါ”လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။

ဒီအခမ်းအနားမှာတော့ အမေများအဖွဲ့ကို Mahar Application က အလှူ‌ငွေများ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ အောင်သီရိထုတ်လုပ်ရေးက အဆိုပါဇာတ်ကားကို ဇာတ်လမ်းလူညိုချော၊ ဘိုသန့်၊ ဇာတ်ညွှန်းပိုင်းကို ဘိုသန့်၊ ဇာဏ်၊ ဇာတ်ညွှန်းမွမ်းမံ Dr.ကျော်၊ ဒါရိုက်တာ ဘိုသန့်နဲ့ စီစဥ်ရိုက်ကူးပြီး အချစ်နဲ့အမုန်းတွေ အားပြိုင်ကြတဲ့ဇာတ်လမ်းကို ဖန်တီးထားတာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ ရှိန်တင်ထူး၊ ရဲအောင်၊ ညီနန္ဒ၊ ကျော်ထက်၊ ရဲရင့်မောင်မောင်၊ ချောရတနာ၊ ခိုင်နှင်းဝေ၊ မိုးပြည့်ပြည့်မောင်၊ ယုသန္တာတင်၊ ဆုအိမ့်စံ၊ သီရိစိုး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။

“လက်ရှိ သူတို့ရဲ့ အောင်မြင်နေတဲ့အချိန်မှာ ဒီအောင်မြင်မှုတွေ အားလုံးကို မေ့နေပြီး ဒီဇာတ်ရဲ့ နေရာတိုင်းမှာ သူ့နေရာနဲ့ သူ့ဇာတ်ကောင်အတိုင်း စီးမြောနိုင်အောင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားစရာဇာတ်လမ်းပုံစံ ဖန်တီးထားပါတယ်”လို့ ဒါရိုက်တာဘိုသန့်က ပြောပါတယ်။

အပိုင်း(၂၆) ပိုင်း ပါဝင်တဲ့ “ကျွန်မက ဗီလိန်”ဇာတ်လမ်းတွဲသစ်ကြီးကို တစ်ပတ်မှာ ၇ ရက်လုံး ည ၇ နာရီတိုင်းမှာ Mahar Application က ထုတ်လွှင့်ပြသနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *