September 20, 2024

၁၂.၈.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဘန်ဆိုင်မြို့နယ်၊ စနမ်ချိုင်ကျေးရွာတွင် သင်္ဘောကျင်းပေါက်ကွဲ၍ မြန်မာအလုပ်သမား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများ၏ ဖော်ပြရေးသားချက်များအရ သိရသည်။

ဩဂုတ်လ ၉ ရက် မွန်းလွဲပိုင်းက အလုပ်သမားများ ဝရိန်ဆော်နေစဉ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် အသက် ၂၀ နှစ်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား ၂ ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ မြန်မာလုပ်သား ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကယ်ဆယ်ရေးအဖွဲ့များက အယုဒ္ဒယဆေးရုံသို့ပို့ ဆောင်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများထဲမှ ၁ ဦးမှာ စိုရိမ်ရသည့်အခြေအနေတွင် ရှိကြောင်းလည်းသိရသည်။

“Sources ရ & Photo _ Thai PBS , The Star , Bangkok Post , Nation Thailand ,Pattaya Mail , Ruamkatanyu Volunteer Association

Leave a Reply

Your email address will not be published. Required fields are marked *