September 20, 2024

အမေရိကန်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ခရစ်ယာန်ပြည်နယ်တစ်ရပ်ထူထောင်နိုင်ရန် လိုလားနေ

၁၂. ၈. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်အစိုးရဟာ တောင်အာရှဒေသအတွင်း သူ့ရဲ့ပထဝီနိုင်ငံရေးအရ ပြင်းပြတဲ့ ရည်မှန်းချက်ဆန္ဒ တွေကိုလုပ်ဆောင်နိုင်ဖို့အတွက် ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာကို ရာထူးမှပြုတ်ကျစေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဟာစီနာနဲ့ ထောက်ခံသူတွေက ပြောခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက The Economic Times သတင်းစာသို့ ပေးပို့ခဲ့တဲ့ပြောကြားချက် တစ်ရပ်မှာ မဟာဗျူဟာအရ အရေးပါတဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ စိန့်မာတင်ကျွန်းကို အမေရိကန်က ထိန်းချုပ်ရရှိနိုင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအပြောင်း အလဲဖြစ်ရေး အမေရိကန်က ကြိုးစားခဲ့တာလို့ ဆိုခဲ့ပါတယ်။

ဟာစီနာက“တကယ်လို့များ ကျွန်မက စိန့်မာတင်ကျွန်းကို အမေရိကန်ကို ထိန်းချုပ်ခွင့်ပေးခဲ့ပြီး ဘင်္ဂလား ပင်လယ်အော်ကို စိုးမိုးခွင့်ပေးခဲ့မယ်ဆိုရင် ခုထက်ထိ ကျွန်မ အာဏာဆက်ပြီးရနေမှာပါ။ ဒီဖြစ်ရပ်တွေ အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကိုတော့ ကျွန်မတောင်းပန်ပါတယ်။ အစွန်းရောက်တွေရဲ့ ကြိုးကိုင် ခြယ်လှယ်မှုကို မခံကြရပါစေနဲ့” လို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိကရုဏ်းတွေ စမဖြစ်ပွားမီ လအတန်ကြာကတည်းက ဟာစီနာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ခရစ်ယာန်ပြည်နယ် ဒါမှမဟုတ် နိုင်ငံငယ်တစ်ရပ်ထူထောင်နိုင်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတည်ဆောက်နိုင်ရေးတို့အတွက် သူမရဲ့ အစိုးရအဖွဲ့ကို ဖိအားပေးနေတယ်ဆိုတာ ပြောခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်မှာ အမေရိကန်လိုလားတဲ့ နိုဘယ်လ်ဆုရှင် Yunus က ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာပြီဖြစ်လို့ ဘင်္ဂါလီတွေရဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး မြန်မာ့မြေပါဝင်တဲ့ ခရစ်ယာန်ပြည်နယ် ဒါမှမဟုတ် နိုင်ငံငယ်တစ်ရပ်ထူထောင်နိုင်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတည်ဆောက်နိုင်ရေးတို့အတွက် အမေရိကန် ကြိုးပမ်းမှုဟာ မြန်မာ့အချုပ်အခြာအာဏာကို ဘယ်လောက်အထိ ထိပါးလာမလဲဆိုတာ စောင့်ကြည့်ကာကွယ်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *