September 19, 2024

၁၁.၈. ၂၀၂၄
Written by Shwe Phyo

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် အရပ်သားများအပေါ် ဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော UNICEF က ပြောသည်။

AA ၏ တိုက်ခိုက်မှုမှ စတင်လာသည့် အဆိုပါတိုက်ပွဲများသည် ကလေးငယ်များနှင့် မိသားစုဝင်များကို ထိခိုက်စေခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားချိန်အတွင်း ဖမ်းဆီးခံရခြင်း၊ ပစ်မှတ်ထားခံရခြင်းများဖြစ်ပွားခဲ့သလို ထိခိုက်သေဆုံး၊ ဒဏ်ရာရခြင်းများလည်းရှိခဲ့ကြောင်း UNICEF က ပြောသည်။

တိုက်ပွဲများအရှိန်မြင့်လာခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ မိသားစုများသည် စစ်ဘေးရှောင်ရန်ကြိုးပမ်းခဲ့သော်လည်း စစ်ဘေးရှောင်ရန်ကြိုးပမ်းခဲ့သူအချို့ သေဆုံးခြင်း၊ သို့မဟုတ် အသတ်ခံရခြင်းများရှိခဲ့ကြောင်း UNICEF က ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် စစ်ရှောင် မိသားစုများသည် ကာကွယ်ပေးခြင်း၊ အထောက်အပံ့ပေးခြင်းများ လိုအပ်နေကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသည် အရပ်သားများ အထူးသဖြင့် ကလေးငယ်များကို ကာကွယ်ပေးနိုင်ရန် နိုင်ငံတကာ လူအခွင့်အရေးဥပဒေများ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ဥပဒေစည်းကမ်းများကို လိုက်နာ ဆောင်ရွက်စေလိုကြောင်း တို့အပြင် အရပ်သားများဘေးကင်းစေရန်နှင့် ရှင်သန်နေထိုင်မှုများ ပိုမိုကောင်းမွန်လာစေရန် သတ်မှတ်ထားသည့် စည်းကမ်း ဥပဒေများကို လိုက်နာဆောင်ရွက်စေလိုကြောင်း UNICEF က တိုက်တွန်းပြောဆိုထားသည်။

အလားတူ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခြင်းများကို ဟန့်တားနှောင့်ယှက်ခြင်းများ မလုပ်ဆောင်ရန်၊ အကူအညီပေးရေးဝန်ထမ်းများ ဘေးကင်းစေရန် ကူညီပေးစေလိုကြောင်း UNICEF က ပြောသည်။

REF , UN

Leave a Reply

Your email address will not be published. Required fields are marked *