၁၁. ၈. ၂၀၂၄
Written by Nay Moe
ချောက်မြို့နယ်၊ ဆားလယ်ရွာ ပြည်သူ့စစ်စခန်းကို PDF ၁၂ ဖွဲ့ပေါင်းပြီး တိုက်ခိုက်ကာ ဆိုင်ကယ်နှစ်စီးနှင့် ငါးတစ်စီးလုယက်ယူနိုင်ခဲ့သည်ဟု တိုက်ခိုက်သည့် PDF များက ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ချောက်မြို့နယ်၊ ရေဆားလယ်ရွာ ပျူစခန်း(ပြည်သူ့စစ်တပ်ဖွဲ့) ကို PDF ၁၂ ဖွဲ့ ပူးပေါင်းပြီး ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့စစ် နှစ်ဦးဒဏ်ရာရပြီးနောက် ကျန်သူများ စက်လှေများဖြင့် ဆုတ်ခွာထွက်သွားကြသည်ဟုဆိုသည်။
PDF ၁၂ ဖွဲ့၏ တိုက်ခိုက်မှုအတွင်း ကာဘိုင် သေနတ် ၂ လက်၊ Honda Civic ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ကာဘိုင်ကျည် အတောင့် ၁၂၀ ၊ ကာဘိုင်ကျည်ဘောက် ၃ ဘောက်၊ ကပစ ထုတ် ၁၂ ကျည် အမျိုးအစား ၁၄ တောင့် ၊ AK ကျည်ဘောက် ၂ ဘောက်၊ ၇.၆၂ ကျည် အတောင့် ၄၀ တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေး ခရိုင် (ပ.က.ဖ) အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ချောက်မြို့နယ် (ပ.က.ဖ)၊ Chauk Guerrilla force (C.G.F)၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ Chauk Revolution Army၊ Oak Awe (UG)၊ Bagan Bo Cho၊ Burma Ranger Revolution၊ YRF တပ်ရင်း ၁၂ ၊ မင်းသားကြီးတပ်ဖွဲ့၊ Yenathar Youth Force နှင့် Kyaukpadaung Special Defense Force စသည့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ။ ဆားလယ်ရွာပြည်သူ့စစ်စခန်းကို တိုက်ခိုက်လုယက်လာသည်များနှင့် လုယက်သည့် PDF များမြင်ကွင်း။