September 19, 2024

၁၁. ၈. ၂၀၂၄
Written by Nay Moe

နွေဦးတော်လှန်ရေးလို့ အမည်တပ်ထားတဲ့ တိုက်ခိုက်မှုအတွင်းမှာ KNDF လက်နက်ကိုင် ၄၀၀ နီးပါးအထိ သေဆုံးခဲ့ရတယ်လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ထုတ်ဖော်ရေးသားထားပါတယ်။

“ဒီရက်အထိ KNDF မှာ ကျဆုံးရဲဘော် (၃၉၆)ဦး ရှိတယ်။ အခုဒီစာကိုရေးနေတဲ့အချိန်မှာပဲ ကျနော်တို့ရဲဘော်အချို့မသင်္ဂြလ်ရသေးဘူး။ အဲ့ဒီ ၃၉၆ ဦးသော ရဲဘော်များရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရှေ့တန်းမှာ တိုက်ရင်းခိုက်ရင်း ကျဆုံးကြတာဖြစ်တယ်၊ ကျန် ၃ ရာခိုင်နှုန်းဟာ နောက်တန်းမှာ လက်နက်ကြီးကျလို့ လေယာဉ်ဗုံးကျဲလို့ ကျဆုံးရတာပါ(သတ်ပုံမူရင်း)”လို့ မာဝီက ဆိုပါတယ်။

NUG ရဲ့ ကာကွယ်ရေးအစီအစဥ်တွေကို လိုက်နာတည်ထောင်ခဲ့တဲ့ KNDF ကို ခွန်ဘီထူး၊ မာဝီနဲ ခူရီးဒူတို့ ဦးဆောင်ပြီး ကယားပြည်နယ်မှာ အခြေစိုက်ပေမဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း လှုပ်ရှားစစ်ကြောင်းရှိသလို အရင်တုန်းက KNDF တပ်ဖွဲ့ဝင်တွေ သေဆုံးမှုအကြောင်း ထုတ်ဖော်မပြောခဲ့ပေမဲ့ လွိုင်ကော်မြို့ကို သိမ်းယူဖို့ဆင်နွှဲတဲ့ ၁၁၁၁ စစ်ဆင်ရေးကျရှုံးအပြီး လက်ရှိအချိန်မှာ KNDF ဟာ အလုပ်မလုပ်ဘူးလို့ တော်လှန်ရေးလက်နက်ကိုင်အချင်းချင်းဝေဖန်တာကြောင့် မာဝီက KNDF သေဆုံးမှု အရေအတွက်ကို ထုတ်ပြောလာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *