September 19, 2024

၁၁.၈ .၂၀၂၄
Written by MMAK

◾မန်စီးတီး1-1 မန်ယူ
– ဘာနာဒိုဆေးဗား 89′

– ဂါနာချို 82′

ပင်နယ်တီ ၇-၆ ( မန်စီးတီးအသင်း အနိုင်ရ)

မန်စီးတီးအသင်းကတော့ ဘာနာဒိုဆေးဗားရဲ့ နောက်ကျ ချေပဂိုးနဲ့ သရေကျခဲ့ပြီး ပင်နယ်တီမှာ အနိုင်ရကာ ၇ ကြိမ်မြောက် ကွန်မြူနတီဒိုင်းကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက လူငယ်ကစားသမား အများစုကို အသုံးပြုသွားခဲ့ပြီး ပွဲကိုထိန်းချုပ်ကစားခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးရနိုင်လောက်တဲ့ ကန်သွင်းခွင့်တွေ ရခဲ့ပေမဲ့ သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို ထိန်းကစားနေကြတာကြောင့် သွင်းဂိုးတွေ မြင်တွေ့ရခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ မန်ယူအသင်းက ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး လူစား၀င်ကစားသမား ဂါနာချိုက မိနစ်ရှစ်ဆယ်ကျော်မှာ ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူအသင်းဟာ ဦးဆောင်ဂိုးကို ထိန်းမထားနိုင်ခဲ့ဘဲ  မိနစ်ကိုးဆယ်ပြည့်ကာနီးမှ ဘာနာဒိုဆေးဗားက  ချေပဂိုးသွင်းယူသွားခဲ့တာကြောင့် မိနစ်ကိုးဆယ် အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျကာ ပွဲပြီးဆုံးခဲ့ပါတယ်။ မိနစ်ကိုးဆယ်အတွင်း
သရေကျနေတာကြောင့် ပင်နယ်တီဆက်လက်ကန်သွင်းကြရမှာ မန်စီးတီးအသင်းက ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မစတင်ခင်မှာတင် ကွန်မြူနတီဒိုင်း ဖလားတစ်လုံးကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိနစ်ကိုးဆယ်အတွင်း သရေကျခဲ့တာကြောင် အောက်ကြေးမန်ယူအသင်း ရွေးချယ်မှု မှန်ကန်ခဲ့ပြီး MT Entertainment ကနေ ရွေးချယ်ပေးခဲ့တဲ့ မန်ယူအသင်း ဘော်ဒီရွေးချယ်မှု  အနိုင်ရရှိခဲ့ပါတယ် ။ နောက်တစ်ပတ်မှာ စတင်ယှဥ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေနဲ့ အခြားသော ပွဲစဥ်တွေကိုလည်း ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်လို့ MT Entertainment စာမျက်နှာမှာ စောင့်မျှော်အားပေး ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *